A d v e r t i s e m e n t With Us

ဝီလ်ရှိုင်းယား စာချုပ်သက်တမ်းတိုးလျှင် အသင်းခေါင်းဆောင်ခန့်မည်ဟု အာစင်ဝင်းဂါး ပြော

ဝီလ်ရှိုင်းယားသာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်ဆိုရင် အသင်းခေါင်းဆောင် ရာထူးကိုပေးသွားမယ်လို့ နည်းပြအာစင်ဝင်းဂါးက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ဝီလ်ရှိုင်းယား ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက်မှာ အာဆင်နယ် အသင်းအတွက် ပွဲထွက်ကစားခွင့် ပိုမိုရရှိလာတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ဝီလ်ရှိုင်းယားတို့ဟာ အခုနှစ်အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သစ်အရ ဝီဝီလ်ရှိုင်းယားကို လက်ရှိရရှိနေတဲ့ တပတ်လုပ်ခ ပေါင် ၁ သိန်းကို ပေါင် ၈ သောင်းထပ်မံတိုးပေးသွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ဝီလ်ရှိုင်းယားဟာ အာဆင်နယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ငယ်မွေးခြံပေါက် ကစားသမားတဦး ဖြစ်သလို ပွဲပေါင်း ၁၂၄ ပွဲကစားထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာတော့ ကစားသမား အပြောင်းအရွှေ့ မတည်ငြိမ်သေးတဲ့ အသင်းဖြစ်နေသလို အူဘာမီရန်၊ မစ်ခီတာရန်တို့ရဲ့ အပြောင်းအရွှေ့ တွေဟာလည်း အတည်တကျ မရှိသေးတာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up