A d v e r t i s e m e n t With Us

အမေရိကန် ဒုသမ္မတမိုက်ခ်ပန့်စ် အရှေ့အလယ်ပိုင်း ခရီးစဉ် စတင်

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2017-12-16 09:51:16Z | http://piczard.com | http://codecarvings.com
အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်ဟာအရှေ့အလယ်ပိုင်း ခရီးစဉ်အတွက်  မြို့တော်ဝါရှင်တန်ကနေ ဇန်နဝါရီ ၁၉ ရက်က ထွက်ခွာသွားပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ်က ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုအပြီး ဒီခရီးစဉ်ကို အရင်လက စီစဉ်ထားခဲ့တာပါ။ ခရီးစဉ်အတွင်း အီဂျစ်ဂျော်ဒန်နဲ့ အစ္စရေးနိုင်ငံတွေဆီ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒုသမ္မတ မိုက်ခ်ပန့်စ်ဟာ အီဂျစ်သမ္မတ  အဘ်ဒယ်ဖှာတာ အယ်လ်စီစီ၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်ဖရင်ကလင်တို့နဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ ရှိတယ်လို့ အိမ်ဖြူတော်က ဒီလအစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဂျေရုဆလင်မြို့အတွက် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာထောက်ခံသူ ပန့်စ်ဟာ ဂျေရုဆလင်ရဲ့ အနောက်ဘက် တံတိုင်းကိုလည်း သွားရောက် လည်ပတ်မှာဖြစ်ပြီး အစ္စရေး လွှတ်တော်မှာလည်း မိန့်ခွန်းပြောမယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ကြေညာချက်က ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up