A d v e r t i s e m e n t With Us

အီဂျစ်စစ်ဦးစီးအရာရှိချုပ်ဟောင်း သမ္မတရွေးကောက်ပွဲဝင်မည်

Egyptian Chief of Staff of the Armed Forces Sami Anan (R) shakes hands with US Commander of the Central Command James Mattis during a meeting in Cairo on March 29, 2011. AFP PHOTO/POOL/ KHALED DESOUKI / AFP PHOTO / AFP POOL / KHALED DESOUKI
ဗိုလ်ချုပ်ကြီးဘဝကနေ သမ္မတဖြစ်လာခဲ့တဲ့ အီဂျစ်သမ္မတ စီစီက  သမ္မတရွေးကောက်ပွဲ ထပ်မံဝင်ပြိုင်မယ်လို့ ကြေညာလိုက်ပြီး နောက်တရက်မှာ အီဂျစ် စစ်ဦးစီးအရာရှိချုပ်ဟောင်း ဆာမီအနန်ဟာလည်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရည်ရွည်ထားတယ်လို့ ဇန်နဝါရီလ ၂၀ ရက်ကကြေညာခဲ့ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ်မှာလွှင့်တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာ “အီဂျစ်နိုင်ငံကို မူဝါဒအမှားတွေကနေ ကယ်တင်ဖို့ သူ ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်တယ်။ နိုင်ငံရဲ့ အဖွဲ့အစည်းတွေဟာလည်း ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲ ကြားနေကြဖို့ အီဂျစ်စစ်ဦးစီးအရာရှိချုပ်ဟောင်း ဆာမီအနန်က တိုက်တွန်းထားပါတယ်။ အခုမတ်လမှာ ကျင်းမမယ့် သမ္မတရွေးကောက်ပွဲဟာ ၂၀၁၁ ခုနှစ်က သမ္မတ မူဘာရက်ကို ဖြုတ်ချအပြီး တတိယမြောက်ကျင်းပတဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။ အီဂျစ်သမ္မတရွေးကောက်ပွဲကို မတ်လ ၂၆ ကနေ ၂၈ ရက်အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ အကယ်၍ မည်သည့်သမ္မတလောင်းမျှ မဲအရေအတွက် ၅၀ ကျော် မရခဲ့ပါက အဆုံးအဖြတ်ရွေးကောက်ပွဲကို ဧပြီ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းအမည်စာရင်းကို ဇန်နဝါရီ ၂၀ ရက်ကနေ ၂၉ ရက်အတွင်း တရားဝင် မှတ်ပုံတင်ရမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up