Home
မြန်မာသတင်း
ငွေဆောင်ဟိုတယ်စီမံကိန်းအတွင်း သိမ်းဆည်းလယ်မြေပြန်ရန် ဒေသခံများ ဆန္ဒပြ
DVB
·
January 20, 2018
ငွေဆောင်ဟိုတယ်ဇုန် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေတွေပြန်လည်ရရှိဖို့၊ လျော်ကြေးငွေပေးဖို့၊ ဟိုတယ်ဆောက်လုပ်နေတာ တားမြစ်ပေးဖို့နဲ့ မြေစစ်ကော်မတီစီစစ်ချက် အမြန်ဆုံး အကောင်းအထည်ဖော်ပေးဖို့အတွက် ငွေဆောင်မြို့မှာ ဒီနေ့မနက်ပိုင်းက ဒေသခံ ၅၀ လောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သိမ်းယူစဉ်က မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းယူခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ်ကတည်းက အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပေမယ့် အခုအခါမှာ ဟော်တယ်အဆောက်အဦတွေ ဆောက်လုပ်နေတဲ့အတွက် တားမြစ်ပေးဖို့နဲ့ လျော်ကြေးပေးဖို့ ဆန္ဒထုတ်ဖော်ရတာလို့ မြေယာသိမ်းဆည်းခံ တောင်သူတဦးဖြစ်တဲ့ ဦးလှမြင့်က ပြောပါတယ်။ ငွေဆောင်ဟိုတယ်ဇုန်စီမံကိန်း စတင်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ငွေဆောင်ဒေသခံ ၂၀၀ ကျော်ထံက နေ မြေဧက ၃၀၀ ဝန်းကျင်ကိုသိမ်းယူခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ အစိုးရခေတ်အဆက်ဆက်မှာလည်း အဲဒီမြေတွေနဲ့ပတ်သက်လို့ လျော်ကြေးငွေပေးဖို့ အသုံးမပြုတဲ့ မြေတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် လက်ရှိအချိန်အထိ အဆင်မပြေသေးတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024