ဝါရှင်တန် ကမ်းရိုးတန်းတွင် ရာသီဥတု ဆိုးရွာ၊ လမ်းပေါ်

1.5K
အမေရိကန်နိုင်ငံ ဝါရှင်တန် ပြည်နယ် ကမ်းရိုးတန်းတလျှောက် ဇန်နဝါရီ ၁၈ ရက်က အစွန်းရောက် ရာသီဥတုနဲ့ ကြုံတွေ့နေရပါတယ်။
အငူနဲ့ သမုဒ္ဒရာ ဥယျာဉ်တွေမှာ လေပြင်းပြီး လှိုင်းတွေ တအားကြီးနေပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကို လူမှုကွန်ရက် မီဒီယာပေါ်မှာ တင်ထားတာတွေ့ရပြီး လှိုင်းနဲ့အတူ ကားတွေ မျောပါကုန်တာပါ။
လာရောက် လည်ပတ်သူတွေအတွက် အန္တရာယ်ကြီးလို့ ဥယျာဉ်ကို ပန်ထားရတယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။
ကမ်းရိုးတန်း ဒေသတွေမှာ ရေလွှမ်းမိုးနိုင်ပြီး လှိုင်းအမြင့် ပေ ၃၀ ထိ ရောက်နိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေးအကြံပြုချက် ထုတ်ပြန် ထားပါတယ်။