A d v e r t i s e m e n t With Us

လွယ်ခေါကျေးရွာအနီး မူးယစ်ဆေးဝါး ကျပ်သိန်း ၁၈၀၀ ကျော်ဖိုး ဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအနီးမှာ ဇန်န၀ါရီ ၁၈ ရက် မနက်ပိုင်းက မူးယစ်ဆေးဝါး ကျပ်သိန်း ၁၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်း ပါဝင်တဲ့အဖွဲ့ဟာ ယာဉ်ဝင်/ထွက်မှုတွေကို စစ်ဆေးနေချိန် မြစ်ကြီးနားကနေ နမ္မတီးကို ယာဉ်မောင်း တူးအောင် မောင်းနှင်ပြီး ဇော်ဘောက်အောင် လိုက်ပါလာတဲ့ PAJERO GDI ကားကို စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ကားရဲ့ ဆီတိုင်ကီအံဝှက်အတွင်း ရောင်စုံဆပ်ပြာခွက် ၆၆ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၆၉၃ ဂရမ်လောက်နဲ့ အပြာရောင်ကပ်ခွာအိတ် ၂၁ဝ ထဲမှာ 88/1စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၄၂ဝဝဝ ပြား၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၈ဝဝ ကျော်ဖိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ နှစ်ဦးနဲ့ မူးယစ်ဆေးဝါးတွေကို မြစ်ကြီးနား မြို့မရဲစခန်းကို လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up