A d v e r t i s e m e n t With Us

လူငယ်​ ၃ ဦး ထပ်​မံတရားစွဲခံရသဖြင့် လွိုင်​​ကော်​မြို့တွင်​ ဆန္ဒပြ

ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ လူငယ်​ ၅ ဦးကို လွိုင်​​ကော်​မြို့နယ်​ တရားရုံးကို လူစုလူ​ဝေးနဲ့ သွား​ရောက်​ပို့​ဆောင်​ခဲ့တဲ့ ဦး​ဆောင်​သူ လူငယ်​ ၃ ဦး တရားစွဲဆိုခံရတဲ့အပေါ် ကရင်နီပြည်သူ ၈၀၀ လောက် မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်​သစ်​လူငယ်​ဗဟို​ကော်​မတီဝင်​ ခွန်းအသန်းနဲ့ ကရင်​နီပြည်​ ​တောင်​သူလယ်​သမား သမဂ္ဂ ဥက္ကဌ ခူးတူရယ်​တို့ကို ထပ်​မံ တရားစွဲဆိုထားတာပါ။ ကယားပြည်​နယ်​ အစိုးရရုံး​ရှေ့မှာ​ စီတန်းလှည့်လည်ဆန္ဒပြသူ​တွေကို ရဲတပ်​ဖွဲ့က တားဆီးခဲ့​ပေမယ့် ကယားပြည်​နယ်ဝန်ကြီးချုပ်​က ဦး​​ဆောင်​သူ လူငယ်​ ၅ ဦးကို ​တွေ့ဆုံညှိနှိုင်းခွင့်ပြုခဲ့ပါတယ်​။ လူငယ်​​တွေက လက်​ရှိ လူငယ်​ ၃ ဦးကို တရားစွဲထားတဲ့အမှုကို ရုပ်​သိမ်းဖို့၊ ဖမ်းဆီးထောင်​ချထားတဲ့ လူငယ်​ ၅ ဦးကို လွှတ်​​ပေးဖို့၊ အရပ်​သား ၁ ဦး အသတ်​ခံရတဲ့အ​ပေါ် အ​ရေးယူ​​ပေးဖို့နဲ့ ဝန်​ကြီးချုပ်​နဲ့ ပြည်​သူ​တွေ ၃ လ တစ်​ကြိမ်​ ​တွေ့ဆုံဖို့ ​တောင်းဆိုခဲ့​ပေမယ့် ​ပြေလည်​မှု မရခဲ့တာ​ကြောင့် ဆန္ဒပြသူ​တွေက လွိုင်​​ကော်​မြို့ ​လယ်​မီးပွိုင့်ကို ၁ နာရီ​ကျော်​ကြာ ပိတ်​ဆို့ဆန္ဒခဲ့ကြပါတယ်။ ဒါ့အပြင် ကယားပြည်​နယ်​ အစိုးရရုံေး​ရှေ့၊ တရားရုံး​ရှေ့နဲ့ အကျဉ်းထောင်​​ရှေ့​တွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်​။ တရားစွဲခံထားရတဲ့ လူငယ်​ ၃ ဦးကို လွိုင်​​ကော်​မြို့နယ်​ တရားရုံးက စစ်​​ဆေးခဲ့ပြီး ဇန်​နဝါရီ ၂၃ ရက်​မှာ​ ပြန်​ပြီး ရုံးချိန်းထားပါတယ်​။ သူတို့ ၃ ဦးကို လွိုင်​​ကော်​​ အကျဉ်း​ထောင်​မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်​။ ကရင်​နီအမျိုးသားတိုးတက်​​​ရေးပါတီ (​ကေအန်​ပီပီ) ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို သတ်​ဖြတ်​ခဲ့တဲ့အ​ပေါ် အမှန်​တရား ​ပေါ်​ပေါက်​ဖို့ ဆန္ဒထုတ်​​ဖော်​ ​တောင်းဆိုတဲ့ လူငယ်​​တွေ ခုလို အ​ရေးယူ ဖမ်းဆီးခံရတာဖြစ်ပါတယ်​။ ခွန်းတူးတူး​လေး

A d v e r t i s e m e n t With Us

More News
Up