စာသင်ကျောင်းပေါ် စစ်ရဟတ်ယာဉ်ပျံသန်းမှု အမေရိကန်ကို ဂျပန်ပြစ်တင်

1.4K
စာသင်ကျောင်းပေါ်ကနေ စစ်ရဟတ်ယာဉ် ဖြတ်ကျော် ပျံသန်းမှုအတွက် ဂျပန်က အမေရိကန်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းက ရေတပ် အခြေစိုက်စခန်းနဲ့ ကပ်လျက် မူလတန်း ကျောင်းပေါ်ကနေ ရဟတ်ယာဉ်တွေ ဖြတ်ပြီးပျံသန်းတာ ရှောင်ရှားဖို့ ကတိကို ချိုးဖောက်တဲ့ အတွက် ဂျပန်က အမေရိကန်စစ်တပ်ကို ဝေဖန်လိုက်ပါတယ်။
ဂျပန်အစိုးရက အဓိကမဟာမိတ် အမေရိကန်အပေါ် ရှားရှားပါးပါး မကျေနပ်ချက်လည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ ကျွန်းပေါ်က ဖှုတဲန်းမ ရေတပ် အခြေစိုက်စခန်းနဲ့ ကပ်လျက်မှာရှိတဲ့ စာသင်ကျောင်းဟာ ကျွန်းပေါ်မှာ အမေရိကန် စစ်တပ်ရှိတဲ့အပေါ် မကျေနပ်မှုရဲ့ ဆုံချက်ဖြစ်နေတာပါ။
အရင်လက အမေရိကန် ကမ်းတက် တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ပေါ်က ပြတင်းပေါက်တခု စာသင်ကျောင်း ကစားကွင်းထဲ ပြုတ်ကျခဲ့ပါသေးတယ်။
မူလတန်းကျောင်းက ကလေးတွေ၊ အုပ်ထိန်းသူတွေနဲ့ ဆရာတွေက အသည်းအသန် စိုးရိမ်သွားမယ်လို့ ထင်တယ်။
ကြာသပတေးနေ့က ဖြတ်ကျော်ပျံသန်းမှုအတွက် ရေဒါနဲ့ ရုပ်သံပါဝင်တဲ့ ရှင်းလင်း ပြတ်သားတဲ့ သက်သေတွေ ရှိတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး အစ်ဆုနိုရိအိုနိုဒဲရက ပြောပါတယ်။
ဒီသက်သေတွေကို အမေရိကန် ကမ်းတက်တပ်ဖွဲ့ဆီ ပေးအပ်ခဲ့ပြီး မီဒီယာကနေလည်း ဖြန့်ချိခဲ့ပြီးပြီလို့ အိုနိုဒဲရက ပြောပါတယ်။
အမေရိကန် ကမ်းတက်တပ်ဖွဲ့ကတော့ သူတို့ရဟတ်ယာဉ်က ကျောင်းကို ရှောင်ကွင်း ပျံသန်းခဲ့တယ်လို့ ရေဒါကရတဲ့ အချက်အလက်တွေ၊ ရဟတ်ယာဉ်မှူးနဲ့ လူတွေ့ မေးမြန်းချက်တွေကို ကိုးကားပြီး အခိုင်အမာ ပြောခဲ့ပါတယ်။