A d v e r t i s e m e n t With Us

ထရမ့်၏စကားကို မကျေနပ်သဖြင့် ဟေတီနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့စကားကို မကျေနပ်တဲ့အတွက် ဟေတီနိုင်ငံ မြို့တော် ပို့အော်ပရင့်စ်ရှိ အမေရိကန်သံရုံးရှေ့မှာ  ဇန်န၀ါရီ ၁၈ ရက်က ဟေတီနိုင်ငံသားတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အာဖရိကနဲ့ ဟေတီကနေ အမေရိကန်နိုင်ငံထဲ ၀င်ရောက်လာသူတွေကို ညစ်ပတ်တဲ့ နိုင်ငံတွေကနေ လာတဲ့သူတွေလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့တာကို မကျေနပ်လို့ ဆန့်ကျင်ဆန္ဒပြတာပါ။ ဇန်န၀ါရီ ၁၁ ရက်က အိမ်ဖြူတော်မှာ လုပ်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ သမ္မတထရမ့်က အဲဒီလို ပြောခဲ့တာပါ။ ဟေတီနိုင်ငံမှာ  လူ ၂၂၀,၀၀၀ သေဆုံးခဲ့ရတဲ့  မြေငလျင်လှုပ်မှု  ၈ နှစ်ပြည့်အခမ်း အနားကို  ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့ပြီး ထရမ့်ရဲ့စကားအတွက် ဖြေရှင်းချက်ပေးဖို့ အမေရိကန်ထိပ်တန်း သံတမန်တွေကို ဟေတီအစိုးရက ဖိတ်ကြားခဲ့ပါတယ်။ ဟေတီသံအမတ်ကလည်း ထရမ့်ရဲ့စကားအတွက် ပြန်တောင်းပန်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပြီးဖြစ်ပါတယ်။ “ဒေါ်နယ်ထရမ့်ဟာ လူမျိုးရေးခွဲခြားတဲ့ သမ္မတတစ်ယောက်လို့ ကျေန်ာတို့ ပြောချင်ပါတယ်။ သူဟာ လက်ခံနိုင်စရာ မရှိတဲ့သူလို့ ကျနော်တို့ ကြေညာပါတယ်။ သူက ဒီလိုစကားမျိုးသုံးနှုန်းတဲ့အတွက် ကရစ်ဘီယန်ဒေသ ဒါမှမဟုတ် အာဖရိက ဘယ်နိုင်ငံကိုမှလည်း သူမလာသင့်ပါဘူး” လို့  ဒေသခံလူမှုအဖွဲ့အစည်းတခုရဲ့  ခေါင်းဆောင် ဒေးဗစ်အောက်စီဂျင်က ဝေဖန်သွားပါတယ်။ “စီအိုင်အေက ဒီနိုင်ငံထဲမှာ ၃၃ ကြိမ် ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ သမ္မတဟောင်း ဘေလ်ကလင်တန်ကလည်း လာတီဘွန်တီဒေသရဲ့ ဆန်ထုတ်လုပ်မှုကို ဖျက်ဆီးတဲ့နေရာမှာ သူပါဝင်ခဲ့တယ်လို့ ပြောခဲ့တယ်။ ဒါ သူ့အပြစ်ကို သူဝန်ခံတာပဲ။ ကလင်တန်က ဟေတီနိုင်ငံပြန်လည်ထူထောင်ရေး ယာယီကော်မရှင်ရဲ့ ရန်ပုံငွေတွေကို ဓားပြတိုက်ခဲ့တာပါ။ ကျနော်တို့က ညစ်ပတ်တဲ့နိုင်ငံတွေကဆိုတော့ ဘယ်သူတွေမှာ တာဝန်ရှိတာလဲ” လို့ ဟေတီလူ့အခွင့်အရေးရှေ့နေ မာရီယိုဂျော့က ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up