A d v e r t i s e m e n t With Us

ဘရာဇီးကမ်းခြေတခုတွင် ယာဉ်တိုက်မှုကြောင့် ၈ လသားအရွယ် ကလေးတဦး သေဆုံး

ATTENTION EDITORS - VISUAL COVERAGE OF SCENES OF DEATH OR INJURY. Paramedics help the injured after a vehicle ran over some people at Copacabana beach in Rio de Janeiro, Brazil January 18, 2018. REUTERS/Lucas Landau NO RESALES. NO ARCHIVES
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့တောင်ပိုင်း ကောပါကာဘာနာ ကမ်းခြေမှာ ဇန်န၀ါရီ ၁၈ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် ၈ လသား ကလေးတယောက် သေဆုံးသွားပါတယ်။ အနည်းဆုံး လူ ၁၅ ယောက် ဒဏ်ရာရခဲ့ပြီး အရှိန်မထိန်းနိုင်တဲ့ကားက ကမ်းခြေဘေး ပလပ်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့သူတွေကို ဒေသစံတော်ချိန် ည ၈ နာရီခွဲအချိန်လောက်မှာ ၀င်တိုက်မိခဲ့တာလို့ ရဲဌာနကပြောပါတယ်။ ဒဏ်ရာရသူ ၁၂ ယောက်ဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကားမောင်းနေတုန်း ၀က်ရူးပြန်ရောဂါခံစားခဲ့ရလို့ အခုလို ဖြစ်ခဲ့တာလို့ အကြောင်းပြချက်ပေးထားတဲ့ အသက် ၄၁ နှစ်အရွယ် ကားမောင်းသူကို ရဲကဖမ်းထားပါတယ်။ ပူပြင်းတဲ့ နွေရာသီဖြစ်တာကြောင့် ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ကမ်းခြေ ပလက်ဖောင်းပေါ်မှာ လမ်းသွားလမ်းလာ အတော်များများရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up