ကမ်းခြေတွင် ပျောက်ဆုံးနေသည့် လူငယ် ၂ ဦးကို ဒရုန်းအကူအညီဖြင့် ကယ်တင်
သြစတြေးလျကမ်းရိုးတန်း ကမ်းခြေတခုမှာ အင်အားပြင်းတဲ့ ရေလှိုင်းကြား ပျောက်ကွယ်သွားတဲ့ ဆယ်ကျော်သက် ရေလှိုင်းစီးသူ နှစ်ယောက်ကို လူမပါတဲ့ (ဒရုန်း)ယာဉ်ရဲ့ အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။
ဆစ်ဒနီမြို့မြောက်ပိုင်း ၄၆၆ မိုင် အကွာမှာရှိတဲ့ နာမည်ကြီး လန်းနော့ဟက်ဒ် ပင်လယ်ကမ်းစပ်မှာ အသက် ၁၆ နှစ်နဲ့ ၁၇ အရွယ်ရှိကြတဲ့ လူငယ်နှစ်ယောက်ဟာ ဒေသစံတော်ချိန် နေ့လယ်ပိုင်းလောက်က အင်အားပြင်းတဲ့ ရေလှိုင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
သက်ကယ်ဒရုန်းလေယာဉ်ဟာ ချက်ချင်းဆိုသလို သူတို့ရဲ့ တည်နေရာကို ရှာဖွေပြီး သက်ကယ်ဘောကွင်းကို ချပေးနိုင်ခဲ့ပါတယ်။
ဒ့ါဟာကမ္ဘာပထမဦးဆုံးဖြစ်ရပ်ဖြစ်ပြီး ဒရုန်းကိုသုံးတာက တည်နေရာ ရှာတဲ့နေရာမှာ ပိုမြန်တယ်လို့ ဒေသခံအစိုးရ အရာရှိတွေက ပြောခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာ လူ ၂၄ သန်းလောက်ဟာ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လကုန်မှာ ရေနစ်သေဆုံးသူ ၂၉၁ ဦးထိရှိခဲ့ပါတယ်။
မနှစ်ကနဲ့ နှိုင်းယှဉ်ရင် အရေအတွက်တိုးလာခဲ့ပေမယ့် မြို့အလိုက် ရေနစ်သေဆုံးသူ အရေအတွက် လျော့ကျခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။