ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ထိပ်သီးဆွေးနွေးပွဲကို ဂုဏ်ပြုကြိုဆို
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနဲ့ ပြင်သစ်သမ္မတ မတ်ခွန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက်က ဗြိတိန်တော်ဝင်စစ်အကယ်ဒမီ ဆန်းဟက်စ်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိန်-ပြင်သစ်နယ်စပ်ဒေသ ပြင်သစ်ထိန်းချုပ်ရာဒေသ လုံခြုံရေးတိုးမြှင့်ရေးအတွက် ဗြိတိန်က စတာလင်ပေါင် ၄၄ ဒသမ ၅ သန်း ပေးအပ်ဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောတူ စာချုပ်သစ်ကို လည်း ချုပ်ဆိုသွားကြမှာဖြစ်ပါတယ်။
နောက်ပြီး ၁၁ ရာစုကာလ ပြင်သစ်နော်မန်တွေ အင်္ဂလန်ကိုသိမ်းယူပုံကို ပိတ်စပေါ်မှာ ရေးဆွဲထားတဲ့ အရှည် မီတာ ၇၀ လောက်ရှိတဲ့ ဘိုင်ယူတားပက်စ်ထရီ ပိတ်ပန်းချီကားကို ပြင်သစ်က ဗြိတိန်ထံကနေ ဌားရမ်းမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။