နာမည်ကြီးထိုင်းမင်းသမီးနှင့် ဘောလုံးသမားစုံတွဲ ပြတ်စဲသည့်သတင်း ရေပန်းစား

1.9K
ထိုင်းနာမည်ကြီး သရုပ်ဆောင်မင်းသမီးတဦးဖြစ်တဲ့ ဖစ်ချနတ်မေဆာခါခွန်နဲ့ ဘောလုံးစတားတဦးဖြစ်တဲ့ ချန်နသစ် ဆောင်ကရာဆင်တို့ရဲ့ လမ်းခွဲပြတ်စဲလိုက်ကြပြီ ဆိုတဲ့ သတင်းဟာ လတ်တလောပရိတ်သတ်တွေကြားမှာ ရေပန်းစားနေပါတယ်။
ဒီသတင်းကို ဖစ်ချနတ်က သူ့ရဲ့ အင်စတာဂရမ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့် ဇန်န၀ါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပြီး ခုလို ရေးထားခဲ့တာပါ။
“လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကတည်းက ကျမတို့ရဲ့ လက်ရှိအခြေအနေအ ပေါ် စိတ်မသက်မသာ ခံစားနေခဲ့ရတယ်။ ကျမခုလိုဆက်နေနိုင်တော့မှာ မဟုတ်ဘူး။ ကျ မ စိတ်ကျရောဂါ ခံစားနေရတယ်။ ကျမတို့ရဲ့ အချစ်အဆုံးသတ်ရတော့မှာပေါ့”
ချန်နသစ်ကတော့ ဂျပန်နိုင်ငံ၊ ကွန်ဆာဒိုးလ်ဆက်ပိုရို ဘောလုံးကလပ်မှာ သွားရောက်ကစားနေတဲ့ ဘောလုံးသမားတဦးဖြစ်ပြီး သူတို့ ၂ ဦးကို နောက်ဆုံးအတူ ယှဉ်တွဲ မြင်ခဲ့ရတာကတော့ ဇန်န၀ါရီလ ၇ ရက်နေ့ ထိုင်းအမျိုးသားဘောလုံးအသင်းရဲ့ ပျော်ပွဲ ရွှင်ပွဲတခုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ ၂၀၁၅ ခုနှစ်ရုပ်သံအစီအစဉ်တခုကနေ သိကျွမ်းရင်းနှီးပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။
သူတို့ ၂ ဦးဟာ အသက်လည်း ကွာခြားနေတာဖြစ်ပြီး မင်းသမီး ဖစ်ချနတ်က အသက် ၃၆ နှစ်ရှိနေပြီဖြစ်ကာ ချန်နသစ်ကတော့ ၂၄ နှစ်ရှိနေပြီဖြစ်ပါတယ်။
ဒီလိုအသက်အရွယ်ကွာဟမှုအပြင် လက်ထပ်မယ့်ရက် ညှိနှိုင်းမရတာကလည်း သူတို့ ၂ ဦးကြား ပြဿနာဖြစ်စေခဲ့တာဖြစ်နိုင်တယ်လို့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါ တယ်။
မင်းသမီးကတော့ အခုနှစ်အတွင်းမှာ လက်ထပ်ချင်ပြီး ချန်နသစ်ကတော့ လက်ရှိမှာ သူ့ကိုယ်သူ တည်ဆောက်နေရချိန်ဖြစ်တာမို့ နောက် ၃ နှစ်လောက်နေမှ လက်ထပ် ချင်ခဲ့တာလို့ ဆိုပါတယ်။
ချန်နသစ်ရဲ့ ဖခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ခေါင်ဖော့ ဆောင်ကရာဆင်ကတော့ မင်းသမီးရဲ့ ခုလိုထုတ်ပြန်လိုက်တဲ့အပေါ် အံ့သြခဲ့ရတယ်လို့ သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။
ဒါဟာ သူတို့ဘက်က သားဖြစ်သူရဲ့ အနာဂတ်အစီအစဉ်ကြောင့် နောက်ထပ် ၂ နှစ် လောက်စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့မှုကြောင့်ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့ ၂ ဦးရဲ့ ပြတ်စဲတဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာလည်း လူပြောများနေခဲ့ကာ ပရိတ်သတ်တွေကပါ စိတ်မကောင်းဖြစ်နေကြ တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။