မလေးရှား လေယာဉ်တစီး စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ

1.3K
မလေးရှားလေကြောင်းလိုင်း(အမ်အေအက်စ်)လေယာဉ်တစီးဟာ ဇန်န၀ါရီလ ၁၈ ရက် နေ့ က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ပျံသန်း ချိန်မှာ နည်းပညာ အခက်အခဲကြောင့်အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အမ်အိပ်ခ်ျ-၁၂၂ လေယာဉ်ပေါ်ဟာ ပျံသန်းလာချိန်မှာ အင်ဂျင်တလုံး စက်ချို့ယွင်းခဲ့တဲ့ အတွက် လမ်းကြောင်းပြောင်းပြီး သြစတေးလျနိုင်ငံမြောက်ပိုင်း အဲလစ်စပရင်းစ်ဒေသတွင်းမှာ ဆင်းသက်ခဲ့ရတာပါ။
လေယာဉ်ပေါ်မှာတော့ ခရီးသည် ၂၂၄ ဦး လိုက်ပါလာပြီး အားလုံး ဘေးကင်းခဲ့ကာ နောက်တရက်မှာမှ အဲလစ်စပရင်းစ်ကနေ ကွာလာလမ်ပူမြို့တော်ဆီ အမ်အိပ်ခ်ျ-၁၄ လေ ကြောင်းလိုင်းနဲ့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ပါတယ်။
ဒီကနေ့မှာတော့ အဆင်မပြေဖြစ်ခဲ့ရမှုအပေါ် ခရီးသည်တွေကို လေကြောင်းလိုင်းက တောင်းပန်လိုက်ပါတယ်။
“အဆင်မပြေဖြစ်ခဲ့ရမှုအတွက် ခရီးသည်တွေကို ကျနော်တို့ လေကြောင်းလိုင်းမိသားစု က အနူးအညွတ်တောင်းပန်ပါတယ်။ သတင်းအစီရင်ခံချက်တွေအရတော့ လေယာဉ်ရဲ့ ဘယ် ဘက်ခြမ်းအင်ဂျင်ဘက်က ကျယ်လောင်တဲ့ အသံစကြားခဲ့တာလို့ ပြောပါတယ်”လို့ မလေးရှား လေကြောင်းလိုင်းအုပ်စုမှ အမှုဆောင်အရာရှိချုပ် အစ်ဇ်ဟမ်အစ္စမေးလ်က ပြောပါတယ်။