A d v e r t i s e m e n t With Us

ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံး

ပြည်ပရောက် ဇင်ဘာဘွေအတိုက်အခံခေါင်းဆောင် ရွိုင်ဘန်းနက်ဟာ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်မှာ ဇန်န၀ါရီ ၁၇ ရက် ညနေပိုင်း ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့တယ်လို့ သူ့ရဲ့ပါတီက ဇန်န၀ါရီ ၁၈ ရက်မှာ ပြောပါတယ်။ ရက်တွန်မြို့နားမှာ ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ဘန်းနက်အပါအ၀င် သူ့ဇနီး၊ ရဟတ်ယာဉ်မှူးနဲ့ တွဲဖက် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ဘန်းနက်ဟာ ဇင်ဘာဘွေ အတိုက်အခံပါတီ MDC မှာ ဘဏ္ဍာရေးမှူးချုပ်ဟောင်းပါ။ ဇင်ဘာဘွေ နိုင်ငံရေးမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားဖြစ်သလို သမ္မတမူဂါဘီ လက်ထက်မှာ ထောင်ချခံခဲ့ရဖူးပါတယ်။ ဘန်းနက်ဟာ ဇင်ဘာဘွေနိုင်ငံရဲ့ ဒီမိုကရက်စီ အပြောင်းအလဲအတွက် ကြိုးပမ်းခဲ့သူလို့ ပါတီဘက်က ဆိုပါတယ်။ သူဟာ အောက်ခြေအထိရောက်တဲ့ နိုင်ငံရေးသမားဖြစ်သလို ဆင်းရဲတဲ့ ဇင်ဘာဘွေ ကျေးလက်ပြည်သူတွေကို ကူညီခဲ့သူပါ။ ကလေးတွေ ကျောင်းစရိတ်လည်း ထောက်ပံ့ခဲ့သူဖြစ်တယ်လို့ သူ့ပါတီက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up