မြင်းပေါ်က ပြုတ်ကျသည့် ရဲအရာရှိကို ပုပ်ရဟန်းမင်းကြီး ကားပေါ်မှဆင်းကူ

1.2K
ဇန်နဝါရီ ၁၈ ရက်မှာ ချီလီနိုင်ငံအတွင်း ပုပ်ရဟန်းမင်းကြီးက လူထုရဲ့ ဖူးမြော်ခံရာမှာ သုံးတဲ့ကားနဲ့ ဖြတ်သွားချိန်မှာ မြင်းစီးရဲတပ်ဖွဲ့ဝင်တယောက် မြင်းပေါ်က လိမ့်ကျခဲ့ပါတယ်။
အဲဒီနောက် ပုပ်ရဟန်းမင်းကြီးက သူ့ကားကို ရပ်ခိုင်းခဲ့ပြီး ကားပေါ်က ဆင်းကာ မြေပေါ်လဲကျနေတဲ့ ရဲအရာရှိဆီကို ပုပ်ရဟန်းမင်းကြီးက လမ်းလျှောက် သွားခဲ့တာပါ။
အခင်းဖြစ်ရာ နေရာကို လူနာတင်ယာဉ် ရောက်လာပြီး ရဲအရာရှိကို ခေါ်သွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လည်း သူ့ခရီးစဉ်ကို ပြန်စခဲ့ပါတယ်။ ရဲအရာရှိက သိသာပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ပုပ်ရဟန်းမင်းကြီးက ချီလီနိုင်ငံမြောက်ပိုင်း အိကစ်ကေးမြို့ကို လည်ပတ်အပြီးမှာ ပီရူးနိုင်ငံဆီ ဆက်လက် ထွက်ခွာခဲ့ပါတယ်။