ကိုလံဘီယာက ဆောက်လက်စ ကြိုးတံတား ပျက်ကျသည့် ရုပ်သံထွက်ပေါ်

1.8K
ကိုလံဘီယာနိုင်ငံအလယ်ပိုင်းက မယ်တာခရိုင်မှာ ဆောက်လက်စ ကြိုးတံတားတစင်း ဇန်န၀ါရီ ၁၅ ရက်နေ့တုန်းက ပျက်ကျပုံကို ရိုက်ထားတဲ့ ဗွီဒီယိုတခု ထွက်ပေါ်လာပါတယ်။
ဒီဗွီဒီယိုကို တံတားနားမှာတပ်ထားတဲ့ လုံခြုံရေးကင်မရာကနေ ရလာတာပါ။ တံတားအလယ်ပိုင်းဟာ မီတာ ၃၀၀ ရှိတဲ့ချောက်ထဲ ပြတ်ကျသွားတာကို တွေ့ရပါတယ်။
ကိုလံဘီယာမြို့တော် ဘိုကိုတာ နဲ့ ဗီယာဗီယယ်စီတို မြို့ကို ဆက်ဖို့ အဝေးပြေးလမ်းမ တစိတ်တပိုင်းအနေနဲ့ ဒီကြိုးတံတားကို ဆောက်နေတာပါ။
ချိုင့်တဖက်ခြမ်းစီကနေ ဆောက်ထားတဲ့ ကြိုးတံတားအစွန်းတွေကို ဆက်ဖို့ ပြင်ဆင်နေတုန်း ပျက်ကျခဲ့လို့ ဆောက်လုပ်ရေး လုပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။
တံတား ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေပြီလို့ မယ်တာခရိုင် ဘေးအန္တရာယ် တုံ့ပြန်ရေးအရာရှိက ပြောထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။