A d v e r t i s e m e n t With Us

ရုရှားလူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့ရုံးခန်း မီးရှို့ခံရ

ရုရှားလူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တဖွဲ့ရဲ့ ရုံးခန်းတခန်းဟာ ဇန်နဝါရီ ၁၇ ရက်က ရှို့မီးကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးသွားပါတယ်။ မန်မိုရီယလ်လို့ခေါ်တဲ့ ရုရှားက လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ရဲ့ ရုံးခန်းကို ရှို့မီးနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စဟာ ဒီအဖွဲ့ကို အဲဒီဒေသကနေ မောင်းထုတ်ဖို့ ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောကြားပါတယ်။ အခုလို မီးရှို့ခံရတဲ့ ရုံးခန်းဟာ ချေချင်ညာဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှား အင်ဂူရှီတာဒေသက နာဇရန်မြို့က ရုံးခန်းဖြစ်ပါတယ်။ ရုရှားနိုင်ငံက မွတ်စလင်လူအများစုနေထိုင်ရာ မြောက်ပိုင်း ကော့ကေးဆပ်ဒေသမှာရှိတဲ့ မန်မိုရီယယ် လူ့အခွင့်အရေးအဖွဲ့ဟာ လက်ရှိအချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အခုလအတွင်း ချေချင်းညာဒေသ အစိုးရအာဏာပိုင်တွေက အဲဒီဒေသမှရုံးစိုက်တဲ့ အဖွဲ့ ခေါင်းဆောင်ကို ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ “ဒီရှို့မီးက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီလုပ်ရပ်က အခုနှစ်ပိုင်းအတွင်း ဒီဒေသတွင်းမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့ကို ပထမဆုံးလုပ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ပါဘူး။ အရင်နှစ်အနည်းငယ်ကဆိုရင် ချေချင်းညာဒေသကနေ အင်ဂူရှီတာဒေသကို ပြောင်းရွှေ့လာတဲ့ Joint Mobile ဆိုတဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့ ရုံးခန်းကို ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီအဖွဲ့ဟာ ချေချင်းညာမှာလည်း အကြမ်းဖက်တိုက်ခိုက်ခံရလို့ ဒီအင်ဂူရှီတာဒေသကို ပြောင်းလာတဲ့အဖွဲ့ပါ”  လို့ မန်မိုရီယယ် လူ့အခွင့်အရေးစင်တာရဲ့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အလက်ဇန္ဒာ ချာကာဇော့ဖ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up