A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ရထားတစီး လမ်းချော်၍ နေအိမ်ဝင်တိုက်၊ ၅ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ အယ်ကာသပဲ့မြို့မှာ ဇန်န၀ါရီ ၁၈ ရက်က ရထားတစီး ပြေးလမ်းချော်ခဲ့ပြီး နေအိမ်တလုံးကို ၀င်တိုက်လို့ အနည်းဆုံး လူ ၅ ယောက် သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ ကုန်တင်ရထားဟာ ပြေးလမ်းချော်ပြီးနောက်မှာ ရထားတွဲတတွဲ အိမ်တလုံးထဲ ၀င်သွားခဲ့လို့ အနည်းဆုံး အိမ်သား ၅ ယောက် သေဆုံးခဲ့ရတယ်လို့ ရဲဌာနကပြောပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ပျက်စီးသွားတဲ့ နေအိမ်အပိုင်းအစတွေကို ရှင်းလင်းနေပြီး သေဆုံးသူတွေ ထပ်တွေ့နိုင်တယ်လို့ ပြောပါတယ်။ အယ်ကာသပဲ့မြို့တော်ဝန်က အခုလိုဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိသားစုဝင်တွေ အတွက် ၀မ်းနည်းကြေကွဲရတယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up