A d v e r t i s e m e n t With Us

တိုင်းနှင့်ပြည်နယ် ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းအသင်း ဗိုလ်စွဲ

Photo : MFF
တိုင်းနဲ့ ပြည်နယ် ယူ-၁၃ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) အသင်းက မကွေးအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ တိုင်းနဲ့ပြည်နယ် ယူ-၁၃ အမျိုးသမီး ဘောလုံးပြိုင်ပွဲ KBZ Bank U-13 Girls's Tournament 2018 နောက်ဆုံး ဗိုလ်လုပွဲကို မနေ့ညနေ ၄ နာရီက MFF မြက်ခင်းတုကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇန်န၀ါရီ ၆ ရက်ကနေ ၁၈ ရက်နေ့အထိ  တိုင်းဒေသကြီးနဲ့ ပြည်နယ်အသင်းပေါင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ တနင်္သာရီနှင့် ရှမ်း(အရှေ့)တို့က ပူးတွဲတတိယ၊ မကွေးတိုင်းက ဒုတိယနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) က ချန်ပီယံဆု အသီးသီး ဆွတ်ခူးခဲ့ကြပါတယ်။ ပြိုင်ပွဲအပြီး ဆုပေးပွဲ ပြုလုပ်ခဲ့ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၀ သိန်းနဲ့ တတိယဆုပူးတွဲ နှစ်သင်းကို ကျပ် ၅ သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြထားပါတယ်။ ဂိုးသွင်းအများဆုံးဆုကို သွင်းဂိုး ၁၄ ဂိုးနဲ့ တနင်္သာရီတိုင်းအသင်းမှ ကျောနံပါတ် ၇ သွယ်သွယ်စိုးက ရရှိခဲ့ပြီး ပြိုင်ပွဲတလျှေက် အကောင်းဆုံး ကစားသမားဆုကိုတော့ မကွေးတိုင်းအသင်းမှ ကျောနံပါတ် (၇) ဇင်မိုးပြည့်တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up