A d v e r t i s e m e n t With Us

ဆီဗက်စ်တိုဗာကို အနိုင်ယူပြီး ရှာရာဗိုဗာ တတိယအဆင့် တက်ရောက်

  သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်းပြိုင်ပွဲမှာ ရုရှားတင်းနစ်မယ် ရှာရာဗိုဗာက လတ်ဗီးယားက ဆီဗက်စ်တိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရပြီး တတိယအဆင့်ကို တက်ရောက်သွားပါတယ်။ ၁ နာရီနဲ့ မိနစ်၂၀ လောက်ကစားခဲ့ရတဲ့ ဒီပွဲမှာ ရှာရာဗိုဗာက အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းရိုက်ချက်တွေ ကောင်းမွန်ခဲ့တာကြောင့် အနိုင်ရခဲ့တာပါ။ ၂၀၀၈ သြစတြေးလျအိုးပင်းချန်ပီယံ ရှာရာဗိုဗာအနေနဲ့ တတိယအဆင့်မှာ  ဂျာမနီတင်းနစ်မယ် ကာဘာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။ တခြားပွဲစဉ်တွေမှာတော့ ပိုလန်တင်းနစ်မယ် ရ၀မ်စကာက ယူကရိန်းက တက်စ်ရင်ကို ကို အနိုင်ရခဲ့လို့ တတိယအဆင့်မှာ တရုတ်တိုင်ပေက Hsieh Su-Wei နဲ့ တွေ့ဆုံပါတယ်။ ရှာရာဗိုဗာအနေနဲ့ တတိယအဆင့်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် နောက်ဆုံး ၄ ကြိမ်မှာ ၂ ကြိမ် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ရ၀မ်စကာနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ကမ္ဘာ့အဆင့် ၄၇ အထိ ကျဆင်းထားတဲ့ ရှာရာဗိုဗာအနေနဲ့ ၂၀၁၄ ခုနှစ် ပြင်သစ် အိုး ပင်းမှာ ချန်ပီယံဆု ရပြီးနောက်ပိုင်း ဂရင်းစလင်းချန်ပီယံဆုဖလားတွေနဲ့ ဝေးကွာနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up