A d v e r t i s e m e n t With Us

၂၄ နာရီအတွင်း ဆန်းချက်ဇ် မန်ယူကို ပြောင်းရွှေ့ဖွယ်ရှိဟု ၀င်းဂါးပြော

၂၄ နာရီအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဆန်းချက်ဇ် ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၀န်ခံပြောကြားသွားပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့နိုင်သလို အဲဒီလိုမဖြစ်ခဲ့ဘူးဆိုရင် စနေနေ့ ခရစ္စတယ်ပဲလေ့နဲ့ ကစားမယ့် အသင်းလူစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ အာဆင်ဝင်းဂါးက ဆိုပါတယ်။ ဆန်းချက်ဇ်အနေနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားမှာဖြစ်ပြီး အသက် ၂၉ နှစ်ရှိတဲ့ ကစာသမားတဦးအတွက် နောက်လာမယ့် စာချုပ်သက်တမ်းက အရေးကြီးတယ်လို့ ၀င်းဂါးက ဆက်ပြီးပြောပါတယ်။ သတင်းတွေအရ မန်ယူ အသင်းဟာ ဆန်းချက်ဇ်အတွက် အခြေခံလုပ်ခအဖြစ် တစ်ပတ် ပေါင်သုံးသိန်းခွဲပေးမှာဖြစ်ပြီး  ဆုကြေးနဲ့ ပုံရိပ်အသုံးပြုမှုကို ထည့်တွက်မယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းခွဲအထိ ပေးချေရမယ်လို့ သိရပါတယ်။ ဒီလုပ်ခပမာဏဟာ ပရီးမီးယားလိဂ်မှာ အများဆုံးအဖြစ်လည်း စံချိန်တင်မှာဖြစ်ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ မန်ယူအသင်းနဲ့ တစ်နှစ်လုပ်ခပေါင် ၇.၅ သန်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ ဆန်းချက်ဇ် ပြောင်းရွှေ့သွားပါက မန်ယူ ကွင်းလယ်ကစားသမား မီခီတာယန်ဟာလည်း မိမိတို့အသင်းဆီ ရောက်ရှိလာနိုင်တယ်လို့ အာစင်ဝင်းဂါးက ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up