A d v e r t i s e m e n t With Us

အဲဗာတန်ကို နောက်တဆင့်ရောက်အောင် တွန်းတင်ပေးလိုဟု ဝဲလ်ကော့ပြော

အဲဗာတန်အသင်းကို နောက်တဆင့်ရောက်အောင် တွန်းတင်ပေးလိုတယ်လို့ ကစာသမားသစ် သီအိုဝဲလ်ကော့က ပြောကြားလိုက်ပါတယ်။ အသက် ၂၈ နှစ်ရှိ ဝဲလ်ကော့ကို အဲဗာတန်အသင်းက ပေါင်သန်း ၂၀ နဲ့ အာဆင်နယ်အသင်းဆီကနေ အပြီးသတ် ခေါ်ယူခဲ့တာပါ။ အဲဗာတန်အသင်း ပြောင်းရွှေ့လာတာဟာ အသင်းကို နောက်တဆင့်ရောက်အောင် တွန်းတင်ပေးချင်တဲ့ ရည်မှန်းချက်ကြောင့်ဖြစ်ပြီး အဲဗာတန်အသင်းဟာ မိမိအတွက် မှန်ကန်တဲ့ နေရာတခု ဖြစ်တယ်လို့ ဝဲလ်ကော့က ဆိုပါတယ်။ ဝဲလ်ကော့အနေနဲ့ အဲဗာတန်အသင်းမှာ တပတ် လုပ်ခ ပေါင် ၁ သိန်း ၁ သောင်း ရရှိမှာဖြစ်ပြီး ၃ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဝဲလ်ကော့ဟာ အာဆင်နယ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေကိုလည်း အမြဲတမ်း အမှတ်ရနေမယ်လို့ သူ့ရဲ့ နှုတ်ဆက်စာမှာ ပြောကြားခဲ့ပါတယ်။ ဝဲလ်ကော့အနေနဲ့ အဲဗာတန်အသင်းမှာ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီနဲ့ တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up