A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၃,၃၅၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှတော့ မတ်ပဲ အဟောင်းက ၁ အိတ်ကို ၅၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၇၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၆,၆၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆၅၀ ကျပ် ဈေးကွာခြားမှု  ရှိပါတယ်။ ပဲကြီး ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၈၇,၃၀၀ ကျပ်ကနေ ငွေကျပ် ၁၉၂,၃၀၀ ပေါက်ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၇၀,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းညို မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး နှမ်းအများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၆,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စားအုန်းဆီ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁,၆၉၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စီပီပြောင်း စီပီပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက  ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၆,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၉,၄၅၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ၂၈,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေထဲက တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့  စီပီပြောင်းကတော့ ဈေးတက်သွားပါတယ်။ တရုတ်နိုင်ငံမှာ စီပီပြောင်းစိုက်ပျိုးနှုန်း ကျဆင်းနေပြီး မြန်မာနိုင်ငံက ပြောင်းတွေကို အများအပြား ဝယ်ယူလာတဲ့အတွက် ဈေးက တက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကာလတူ အခြေအနေမှာ စီပီပြောင်းက ၁ ပိဿာကို ၃၀၀ ကျပ်နီးပါးသာ ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁ ပိဿာကို ၅၅၀ ကျပ်အထိ ဈေးက မြင့်တက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ စီပီပြောင်းက ၁ ပတ်အတွင်း ငွေကျပ် ၅၀ လောက် ဈေးမြင့်တက်လာပြီး မူဆယ်ကုန်စည်ဒိုင်ကို ပြောင်းကားအစီးရေ ၃၀၀ ကျော် အပတ်စဉ် ဝင်ရောက်နေတယ်လို့ သိရပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA

A d v e r t i s e m e n t With Us

More News
Up