စတာရစ်အတွက် ဆီဗီလာ ကမ်းလှမ်းမှု လီဗာပူး ပယ်ချ

တိုက်စစ်မှူး စတာရစ်အတွက် ဆီဗီလာအသင်းရဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုကို လီဗာပူးအသင်းက ပယ်ချလိုက်ပါတယ်။ လီဗာပူးတိုက်စစ်မှူး စတာရစ်ဟာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။ ဆီဗီလာအသင်းအနေနဲ့ စတာရစ်အတွက် တပတ် လုပ်ခ ပေါင် ၁ သိန်းခွဲအထိ ပေးချေဖို့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်း နည်းစနစ်ဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝါ့ဒ်က ပယ်ချလိုက်တာလို့ သိရပါတယ်။ လီဗာပူးအသင်းဟာ စတာရစ်အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် အပြီးသတ်ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အသက် ၂၈ နှစ်ရှိ စတာရစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း အသင်းမှာ ကစားခွင့်မရသေးဘဲ ဒီနှစ် ဘောလုံးရာသီမှာ ၅ ပွဲပဲ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတာပါ။ စတာရစ်ကို ခေါ်ယူဖို့အတွက် အီတလီကလပ် အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up