A d v e r t i s e m e n t With Us

ဥရောပသမဂ္ဂမှ နုတ်ထွက်မည့် ဥပဒေကြမ်း ဗြိတိန်အောက်လွှတ်တော် အတည်ပြု

Protesters wave the EU and Union flags outside the Palace of Westminster, London, Britain, December 20, 2017. REUTERS/Peter Nicholls
လအတန်ကြာ အငြင်းပွားနေတဲ့ ဗြိတိန် ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့်ကိစ္စနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို ဗြိတိန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ထရီဇာမေရဲ့ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် ဥပဒေကြမ်းကို ဇန်နဝါရီ ၁၇ ရက်က ဗြိတိန်အောက်လွှတ်တော်မှာ မဲခွဲရာ ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၉၅ မဲနဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။   အခုဥပဒေကြမ်းဟာ ၁၉၇၂ ခုနှစ် ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ဖို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေကို ပြန်လည်ပယ်ဖျက်တဲ့ ဥပဒေ ဖြစ်ပါတယ်။ အခုဥပဒေကြမ်းကို အတည်ပြုလိုက်နိုင်တာဟာ ဝန်ကြီးချုပ် ထရီဇာမေအတွက် နိုင်ငံရေးပြိုင်ဘက်တွေအပေါ် အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။ “ထောက်ခံမဲပေးတဲ့ ညာဘက်ခန်းက အရေအတွက် ၃၂၄ မဲ ရှိပါတယ်။ ကန့်ကွက်မဲပေးတဲ့ ဘယ်ဘက်ခန်းက ၂၉၅ မဲရှိပါတယ်။ ဒီတော့ ဥပဒေကြမ်းကို ထောက်ခံတဲ့ဘက်က နိုင်သွားပါတယ်။ ရလဒ်ကို ထုတ်ပြန်ကြေညာပေးပါ” လို့  ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းက ကြေညာသွားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up