A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်ခ်ပေါ် တင်သည့်ပုံမှတဆင့် လူသတ်သမားဖော်ထုတ်နိုင်ခဲ့

လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ၂ ယောက်တွဲပုံပေါ်က လူသတ်ရာမှာသုံးတဲ့ ခါးပတ်ကို ရဲကတွေ့ပြီး သူငယ်ချင်းကိုသတ်တဲ့ ကနေဒါအမျိုးသမီးကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။ ချေးနီးရို့စ်အန်တိုနီ အသက် ၂၁ နှစ်က လွန်ခဲ့တဲ့ ၂ နှစ်က သူမရဲ့သူငယ်ချင်းဖြစ်သူ ဘရစ်တနီဂါဂေါလ် အသက် ၁၈ နှစ်ကို သတ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာတော့ သူမ သတ်ခဲ့တာနဲ့ ပတ်သက်လို့ အသနားခံခဲ့တာပါ။ မစ္စဂါဂေါလ်က စက်စ်ကချီဝင်ခရိုင်၊ စက်စ်ကတွန်းမြို့ အမှိုက်ပုံနားမှာ လည်ပင်းညှစ်ခံရကာ သေဆုံးခဲ့တာလို့သိရပြီး သူမအလောင်းနားမှာ အန်တိုနီရဲ့ ခါးပတ်ကိုတွေ့ရှိခဲ့ပါတယ်။ အန်တိုနီက မစ္စဂါဂေါလ် မဆုံးခင် နာရီပိုင်းအလိုမှာ ခါးပတ်ကို ဝတ်ဆင်ထားတဲ့ သူမနဲ့ မစ္စဂါဂေါလ်ရဲ့ ၂ ယောက်တွဲပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့လို့ ရဲတွေက သူမကို သံသယရှိသူအဖြစ် သတ်မှတ်ခဲ့တာပါ။ အန်တိုနီဟာ လူသတ်တဲ့ညက အခြားသူငယ်ချင်းတယောက်ရဲ့အိမ်ကို အရမ်းစိတ်လှုပ်ရှားစွာ ရောက်လာခဲ့တယ်၊ မစ္စဂါဂေါလ်ကို သူမက ရိုက်ပြီး လည်ပင်းညှစ်ခဲ့တာကို တရားရုံးမှာ ဝန်ခံခဲ့တယ်လို့ စီဘီစီသတင်းကလည်း ထုတ်ပြန်ခဲ့ပါတယ်။ သူမတို့မူးနေပြီး အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်လို့ အန်တိုနီက ပြောခဲ့ပါသေးတယ်။ သူမရဲ့အသနားခံစာအရ အန်တိုနီက မစ္စဂါဂေါလ်ရဲ့သေဆုံးမှုမှာ သူမ တာဝန်ရှိတယ်ဆိုတာ လက်ခံပေမယ့် သူမကို သတ်ဖြတ်ခဲ့တာကိုတော့ မမှတ်မိဘူးလို့ဆိုပါတယ်။ “ကျမကိုယ်ကျမ ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။ ကျမ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုကိစ္စမျိုးက ဘယ်တော့မှ မဖြစ်သင့်ပါဘူး” လို့ သူမရဲ့ ရှေ့နေကတဆင့် အန်တိုနီက ပြောခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၈ ရက်နေ့က ဖော်ပထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up