ထိုင်းလိင်ကုန်သွယ်မှုမှရရှိငွေ ဘတ် ၂၆၀ ဘီလီယံခန့်ရှိ

2.3K
ဘန်ကောက်အခြေစိုက် သတင်းဌာနတခုက ထိုင်းနိုင်ငံရဲ့ လိင်ကုန်သွယ်မှုမှရတဲ့ ဝင်ငွေကို
ခန့်မှန်းဖို့ အားထုတ်ခဲ့ပြီး ဒီလုပ်ငန်းတွေရဲ့ လည်ပတ်ငွေတန်ဖိုးဟာ ဘတ် ၂၆၀ ဘီလီယံလောက်ရှိကာ အတော်အကျိုးအမြတ်ရှိတယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းက ထုတ်ပြန်ခဲ့ပါတယ်။
လိင်လုပ်သားတွေအနေနဲ့ အလုပ်လုပ်နေကြပြီး ရွှေ့ပြောင်းနေထိုင်သူတွေအများစုပါဝင်တဲ့
အမျိုးသမီး ၁၁၃ ဦးကို ရှာတွေ့ခဲ့တဲ့ ဘန်ကောက်မြို့၊ ဗစ်တိုးရီးယားစီးကရက် လိင်ဖျော်ဖြေရေးရုံကို ဇန်နဝါရီ ၁၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့အပြီးမှာ ဒီဝင်ငွေတွက်ချက်မှုကို သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။
အဲ့ဒီလိင်ရုံက အမျိုးသမီးတော်တော်များများဟာ လူကုန်ကူးခံခဲ့ရတာလို့ အာဏာပိုင်တွေက
ယူဆနေကြပြီး စုံစမ်းမှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
လွှတ်တော်အမတ်တဦးလည်းဖြစ်ပြီး ကိုယ်ပိုင်ရုပ်သံသတင်းဌာနတခုရဲ့ အစီအ စဉ်တင်ဆက်သူအဖြစ် လူသိများတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ အနှိပ်ခန်းသူဌေးဟောင်း ချူဝစ်ကာမိုလ်ဗီဆစ်ရဲ့ တွက်ချက်မှု ကိန်းဂဏန်းတွေကို အခြေခံပြီး လိင်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဒီငွေကြေးကိန်းဂဏန်းတွေ ထွက်လာခဲ့တာလို့ ဆိုပါတယ်။
၂၀၀၇ ခုနှစ်မှာ လိင်လုပ်ငန်းကတဆင့် တိုင်းပြည်အတွက် ပြည်တွင်းအသားတင် ၀င်ငွေ (ဂျီဒီပီ) ရာခိုင်နှုန်း၊ လိင်လုပ်သား တဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေနဲ့ တိုင်းပြည်အတွင်း လိင်လုပ်သား အရေအတွက်တွေကို စဉ်းစားတွက်ချက်ပြီး ချုဝစ်က ခန့်မှန်းချေဝင်ငွေကို တွက်ထုတ်ပြခဲ့တာပါ။
သူ့ရဲ့ ခန့်မှန်းခြေကိန်းဂဏန်း ဝင်ငွေတွက်ချက်မှုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထိုင်းနိုင်ငံဟာ လိင်လုပ်ငန်းတွေကနေ ၀င်ငွေ ၁၆၃ ဘီလျံရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရိုးရာစတိုင် အနှိပ်ခန်းတွေ၊ ဘီယာဘားတွေ၊ ကာရာအိုကေတွေနဲ့ ပြည့်တန် ဆာရုံတွေကနေ လိင်ရောင်းဝယ်မှုက ငွေကြေးအမြင့်ဆုံး ဝင်ခဲ့တယ်လို့လည်း ချုဝစ်က ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းအသားတင်ဝင်ငွေ စုစုပေါင်းဟာ ဘတ်ငွေ ၁၃ ထရီလီယံ ရှိနေတာမို့ လိင်လုပ်ငန်းတွေက ရရှိတဲ့ ဝင်ငွေဘတ် ၂၆၀ ဘီလီယံဟာ ပြည် တွင်းဝင်ငွေစုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။