Home
မြန်မာသတင်း
မန္တလေးကျုံးဘေး ကာရံထားသည့် သံပန်းများ အသစ်ပြုပြင်ရန် ပြည်သူ့ဆန္ဒကောက်ခံ
DVB
·
January 18, 2018
26904253_1411372365657676_2974214306357897314_n
26734463_1411372355657677_3406605793086526851_n
26733967_1411373055657607_1795988689265856528_n
26239461_1411372348991011_4906660864662164622_n
26239461_1411372348991011_4906660864662164622_n
  မန္တလေးမြို့ ကျုံးဘေးပတ်လည်ကို ကာရံထားတဲ့ သံပန်းတွေကို အသစ်ပြန်လည်ပြုပြင် ဖို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့လူမှုကွန်ရက်ကနေ ပြည်သူတွေရဲ့ ဆန္ဒကို ကောက်ခံနေပါတယ်။ လက်ရှိကာရံထားတဲ့ သံပန်းတွေက တပတ်ကို ၅ ခုလောက် ပြုတ်ထွက်နေတာကြောင့် ကျုံးနဲ့ သင့်တော်ပြီး ကလေး၊ လူကြီး ကျုံးထဲ ပြုတ်မကျစေဖို့ ဒီဇိုင်းတွေကို ထုတ်ပြထားပါတယ်။ တင်ထားတဲ့ ပုံစံတွေနဲ့ပတ်သက်လို့ မြို့တော်ရဲ့ သမိုင်းဝင်မှုနဲ့ နန်းမြို့ရိုးရဲ့ပုံကို ထင်ဟပ်စေမယ့် မြန်မာမှုနဲ့နီးစပ်တဲ့ ပုံစံမျိုးတွေ ပြုလုပ်သင့်တယ်လို့ အကြံပြုမှုတွေ ရှိနေသလို နည်းပညာနဲ့ ကုန်ကျစရိတ်ကိုလည်း သိချင်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024