မန္တလေးကျုံးဘေး ကာရံထားသည့် သံပန်းများ အသစ်ပြုပြင်ရန် ပြည်သူ့ဆန္ဒကောက်ခံ
DVB
·
January 18, 2018
မန္တလေးမြို့ ကျုံးဘေးပတ်လည်ကို ကာရံထားတဲ့ သံပန်းတွေကို အသစ်ပြန်လည်ပြုပြင် ဖို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့လူမှုကွန်ရက်ကနေ ပြည်သူတွေရဲ့ ဆန္ဒကို ကောက်ခံနေပါတယ်။
လက်ရှိကာရံထားတဲ့ သံပန်းတွေက တပတ်ကို ၅ ခုလောက် ပြုတ်ထွက်နေတာကြောင့် ကျုံးနဲ့ သင့်တော်ပြီး ကလေး၊ လူကြီး ကျုံးထဲ ပြုတ်မကျစေဖို့ ဒီဇိုင်းတွေကို ထုတ်ပြထားပါတယ်။
တင်ထားတဲ့ ပုံစံတွေနဲ့ပတ်သက်လို့ မြို့တော်ရဲ့ သမိုင်းဝင်မှုနဲ့ နန်းမြို့ရိုးရဲ့ပုံကို ထင်ဟပ်စေမယ့် မြန်မာမှုနဲ့နီးစပ်တဲ့ ပုံစံမျိုးတွေ ပြုလုပ်သင့်တယ်လို့ အကြံပြုမှုတွေ ရှိနေသလို နည်းပညာနဲ့ ကုန်ကျစရိတ်ကိုလည်း သိချင်နေကြပါတယ်။