A d v e r t i s e m e n t With Us

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲမှုကြောင့် ၁၂ ဦးသေဆုံး၊ ၅၀ ခန့် ဒဏ်ရာရ

နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် မေဒူဂရီမြို့မှာ ဇန်န၀ါရီ ၁၇ ရက်က အသေခံဗုံးခွဲမှု ၂ ခု ကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေက ပြောပါတယ်။ မြို့ဆင်ခြေဖုံးမှာရှိတဲ့ မူနာဂရာ့ခ်ျအရပ်က ဈေးတခုထဲမှာ ဖောက်ခွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးခွဲသူတွေဟာ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဝင်တွေလို့ ဘော်နိုပြည်နယ်အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးအဖွဲ့က ယူဆပါတယ်။ မူနာဂရာ့ခ်ျအရပ်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ယာယီစခန်းဖွင့်ပေးထားတဲ့ နေရာဖြစ်ပြီး ဘိုကိုဟာရမ်အဖွဲ့ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ ရှိပါတယ်။ နိုင်ဂျီးရီးယားစစ်တပ်ဟာ ဘော်နိုပြည်နယ်မှာ ခွဲထွက်ရေးကြိုးပမ်းနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ကို မကြာသေးခင် သီတင်းပတ်တွေအတွင်း ထိုးစစ်ဆင်နှိမ်နင်းခဲ့ပါတယ်။ ဒါပေမယ့် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရပ်တန့်သွားအောင် မလုပ်နိုင်သေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up