မြောက်အိုင်ယာလန်တွင် ဆီးနှင်းထူထပ်မှုကြောင့် ကျောင်း ၂၈၀ ကျော် ပိတ်ထား
ဗြိတိန်နိုင်ငံ မြောက်အိုင်ယာလန်မှာ ဆီးနှင်းထူထပ်မှုကြောင့် ဇန်နဝါရီ ၁၇ ရက်နေ့က စာသင်ကျောင်း ၂၈၀ ကျော်ကို ပိတ်ထားရပါတယ်။
မြောက်အိုင်ယာလန် အရှေ့ကမ်းရိုးတန်းက ဒေါင်းပြည်နယ်စီရင်စုမှာ ကွင်းပြင်တွေကို နှင်းတွေ ဖုံးလွှမ်းနေတာ မြင်တွေ့ရပါတယ်။
အစိုးရ မိုးလေဝသဌာနက ဇန်နဝါရီ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကို အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဝါရောင်အဆင့် သတိပေးချက်ဟာ နောက်ဆက်တွဲ မိုးလေဝသ ခန့်မှန်းချက်တွေကို စောင့်ကြည့်ဖို့ဖြစ်ပြီး ရာသီဥတု အခြေအနေဟာ အပြောင်းအလဲ ဖြစ်နိုင်သလို ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း ဒေသခံ မိုးလေဝသဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။