A d v e r t i s e m e n t With Us

ဂျပန်အာကာသအေဂျင်စီမှ အာကာသဒုံးပျံ အောင်မြင်စွာ လွှတ်တင်

UCHINOURA, JAN 18 :- Japan's solid fuel rocket named Epsilon-3, the third of its type, launches at its Uchinoura Space Center in Kimotsuki, Kagoshima Prefecture, Japan, in this photo taken by Kyodo on January 18, 2018. REUTERS-2R
ဂျပန်နိုင်ငံ အာကာသအေဂျင်စီက Epsilon-3 အမည်ရှိ အာကာသဒုံးပျံကို ဇန်န၀ါရီ ၁၈ ရက်နေ့က  အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အရှည် ၇၈ ပေရှိတဲ့ Epsilon-3 ဒုံးပျံဟာ ဂျပန်ရဲ့တတိယမျိုးဆက် ဒုံးပျံယာဉ်လည်းဖြစ်ပါတယ်။ အဲဒီဒုံးပျံကို ဂျပန်အပိုင် ASNARO-2 ဂြိုဟ်တု ပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့တာလို့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီက ပြောပါတယ်။ အဆင့်သုံးဆင့်ပါဝင်တဲ့ Epsilon မျိုးဆက်သစ်ဒုံးပျံဟာ ပစ်လွှတ်တဲ့ ကုန်ကျစရိတ်ကို သုံးပုံတပုံအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ရာသီဥတုအခြေအနေကြောင့် အခုဒုံးပျံယာဉ်လွှတ်တင်မှုကို နှစ်ကြိမ်ထက် မနည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up