Home
မြန်မာသတင်း
ဟုမ္မလင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
January 18, 2018
ဟုမ္မလင်းမြို့အနီးမှာ  ဒီနေ့ မနက်ပိုင်းက ပြင်းအား ၄ ဒသမ ၅ ရစ်ခ်ျတာစကေးရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၈ ရက် မြန်မာစံတော်ချိန် ၈ နာရီ၊ ၃၃ မိနစ် ၂၈ စက္ကန့် အချိန်က တမူး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၈၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဟုမ္မလင်းမြို့ မြောက်-အရှေ့မြောက်ဘက် ၂၉ မိုင်ခန့်အကွာ အနက် ၆၈ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ပါတယ်။ ဓာတ်ပုံ - မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024