ဟုမ္မလင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
January 18, 2018
ဟုမ္မလင်းမြို့အနီးမှာ ဒီနေ့ မနက်ပိုင်းက ပြင်းအား ၄ ဒသမ ၅ ရစ်ခ်ျတာစကေးရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၈ ရက် မြန်မာစံတော်ချိန် ၈ နာရီ၊ ၃၃ မိနစ် ၂၈ စက္ကန့် အချိန်က တမူး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၈၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဟုမ္မလင်းမြို့ မြောက်-အရှေ့မြောက်ဘက် ၂၉ မိုင်ခန့်အကွာ အနက် ၆၈ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - မိုးဇလ