ဖြူးမြို့နယ် အနောက်တောင်ဘက်တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်လှုပ်
DVB
·
January 17, 2018
ဖြူးမြို့နယ် အနောက်တောင်ဘက်ကို ဗဟိုပြု၍ ငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီကျော်လောက်က ဖြူးမြို့ရဲ့ အနောက်တောင်ဘက် (၁၉) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၈ ဒီဂရီ၊ အနက် (၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။