A d v e r t i s e m e n t With Us

မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် စွန့်လွှတ်ရေး ဒဏ်ခတ်မှု ဆက်လုပ်မည်ဟု ကုလပြော

Antonio Guterres, United Nations High Commissioner for Refugees speaks during a press conference at the Launch of the Regional Flash Appeal Following recent events in Libyan Arab Jamahiri
မြောက်ကိုရီးယား နျူလီးယားအစီအစဉ် စွန့်လွှတ်ဖို့ အရေးယူဒဏ်ခတ်မှုတွေကို ဆက်လက်ပြုလုပ်ရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ကုလသမဂ္ဂအစည်းအဝေးမှာ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က ပြောကြားလိုက်တာပါ။ “ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံက ပြုလုပ်တဲ့ နျူကလီးယားစမ်းသပ်ချက်တွေနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေအပေါ် တုံ့ပြန်ဆောင်ရွက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ကျနော် ကြိုဆိုထောက်ခံပါတယ်။" အဲဒီအရေးယူဒဏ်ခတ်မှုတွေကို အပြည့်အဝ အကောင်ထည်ဖော်ရမှာပါ။ လုံခြုံရေးကောင်စီ စည်းလုံးမှုဟာ သံတမန်နည်းအရ ဆောင်ရွက်ဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။ “ကိုရီးယားနှစ်နိုင်ငံ စစ်ဘက် အရေးပေါ်ဖုန်းလိုင်း ပြန်ဖွင့်တာကို ကျနော် ကြိုဆိုပါတယ်။ ဒါဟာ  နှစ်နိုင်ငံကြား တင်းမာမှု လျှော့ချရေးနဲ့ နားလည်မှု လွဲမှားတာ လျှော့ချရေးအတွက် အရေးကြီးပါတယ်။ လာမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ဝင်ရောက်ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်ကို ကျနော် အားတက်မိပါတယ်။ ဒေသတွင်းလုံခြုံရေး အထောက်အပံ့ ဖြစ်စေတဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်စင်ဖို့  ဒီလို မျှော်လင့်ချက် အရိပ်အယောင်လေးတွေပေါ် အခြေခံတည်ဆောက်သွားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ၂ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လာမယ့် ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားက အားကစားအဖွဲ့ စေလွှတ်ဖို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up