ကိုလံဘီယာတွင် စစ်ရဟတ်ယာဉ်တစီး ပျက်ကျ၊ လိုက်ပါသူအားလုံး သေဆုံး

1.4K
ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းက အန်တီယိုကီယာဒေသမှာ စစ်ရဟတ်ယာဉ် တစီး ပျက်ကျခဲ့လို့ စီးနင်းလာသူ ဆယ်ဦးစလုံး သေဆုံးတယ်လို့ ကိုလံဘီယာစစ်တပ်က ဇန်နဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အမှုထမ်း လေးဦးနဲ့ ခရီးသည်ခြောက်ဦးကို တင်လာတဲ့ အမ်အိုင်-ဆယ်ဗင်တင်း ရဟတ်ယာဉ်ဟာ ကော့ကာဆီယာမြို့နားမှာ ဇန်န၀ါရီ ၁၇ ရက်နေ့ မနက် ၁၀ နာရီထိုးခါနီးမှာ ပျက်ကျခဲ့တာပါ။
ရဟတ်ယာဉ်ဟာ အဲဒီနယ်မြေအတွင်း လေတပ်လောင်စာဆီ ထောက်ပံ့ရေးကို တာဝန်ယူထားပြီး ထောက်ပံ့ရေး ပေးရမယ့် နေရာတွေကို စစ်ဆေးကြည့်ရှုနေတုန်းမှာ ပျက်ကျခဲ့တာပါ။
ကိုလံဘီယာစစ်တပ် တပ်မဟာ ၄ ကွပ်ကွဲရေးမှူးက ပျောက်ဆုံးသူ ၃ ဦးရှိပြီး ရာသီဥတုကြောင့် ရှာဖွေရေး အခက်တွေ့ခဲ့ရတယ်လို့ အစောပိုင်းမှာ သတင်းထုတ်ြပန်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် လေယာဉ်ပျက်ကျတာဖြစ်လို့ အပြည့်အစုံသိရအောင် စတင် စုံစမ်းနေပြီလို့လည်း သူက ပြောပါတယ်။
ကိုလံဘီယာသမ္မတ ဟွမ် မန်နူရယ် ဆန်းတို့စ်ကလည်း သေဆုံးသူတွေအတွက် ဝမ်းနည်း ကြောင်း ပြောထားပါတယ်။
ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာဟာ ကိုလံဘီယာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် မကြာသေးခင်က တိုက်ခိုက်မှုတွေ ပြန်လုပ်လာတဲ့ သူပုန်အဖွဲ့ အမျိုးသား လွတ်မြောက်ရေး တပ်မတော် (အီးအယ်လ်အန်) က လှုပ်ရှားနေတဲ့နေရာ ဖြစ်တယ်လို့ ဗွီအိုအေ သတင်းမှာ ဖြော်ပထားပါတယ်။