A d v e r t i s e m e n t With Us

ခေါင်းစည်းပဝါ မခြုံသည့် မွတ်ဆလင်အမျိုးသမီးအား ရိုက်နှက်သည့် ရုပ်သံ ဝေဖန်မှုမြင့်တက်

Photo : Channel NewsAsia
မလေးရှားနိုင်ငံမှာ ခေါင်းစည်းပဝါမခြုံတဲ့ မွတ်ဆလင် အမျိုးသမီးတဦးရဲ့ မျက်နှာကို ရိုက်နှက်ခဲ့တဲ့ အမျိုးသားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ အင်တာနက် အသုံးပြုသူတွေက ဒီအပြုအမူဟာ အစ္စလာမ်ဘာသာနဲ့ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်ကျဆင်းစေတယ်ဆိုပြီး ဒေါသတကြီး ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပီနန်းဒေသတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အင်တာနက်စာမျက်နှာပေါ်ကို ဇန်နဝါရီလ ၅ ရက်နေ့က တင်ခဲ့တာလို့ ချန်နယ်နယူးစ်အေးရှသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေကြတဲ့ အမျိုးသမီးတွေနားမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်စကားပြောနေတဲ့ အမျိုးသားတဦးကို တွေ့ရပါတယ်။ သူဟာ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာဝင် ဖြစ်သလားဆိုပြီး မေးမြန်းနေခဲ့တာပါ။ အဲဒီနောက်တော့ အဆိုပါအမျိုးသမီးတွေထဲမှ ခေါင်းစည်းပဝါ မခြုံထားတဲ့ အမျိုးသမီးတဦးကို ခေါ်ထုတ်ကာ အစ္စလာမ်ဘာသာဝင် ဖြစ်လျက်နဲ့ ဘာကြောင့် မခြုံထားတာလဲလို့ မေးခဲ့တာပါ။ အမျိုးသမီးက သူ့ရဲ့ မေးခွန်းကို ဒါဟာ တသီးပုဂ္ဂလ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ဖြေခဲ့ချိန်မှာ မျက်နှာကို ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ဘေးက တခြားအမျိုးသမီးတွေဟာ သူ့ရှေ့ကို ရောက်လာခဲ့ပြီးတားဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ အဆိုပါအမျိုးသမီးနားကို ထပ်သွားဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အချိန် ၆ မိနစ်ကြာတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး အင်တာနက် အသုံးပြုသူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးနဲ့ အစီအစဉ် တင်ဆက်သူတဦးအဖြစ် ကျော်ကြားသူ အမျိုးသမီးတဦး ဖြစ်တဲ့ နီလိုဖာကတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေပြီး မေးခွန်းထုတ်လိုက်ပါတယ်။ “ကျမတို့ လိုချင်တာက အစ္စလာမ်ဘာသာကို အပြန်အလှန် နားလည်မှု၊ သည်းခံမှုနဲ့ လှပတဲ့ ဘာသာတခုအနေနဲ့ ရှုမြင်စေဖို့ပါ။ ခုလိုမျိုးတွေ ဖြစ်လာတဲ့အခါတော့ နားလည်မှုတွေဟာ ပြောင်းလဲသွားခဲ့ပြီး အစ္စလာမ်ဘာသာဆိုတာ ဆိုးဝါးတဲ့ အရာတခုလို့ ထင်သွားကြမှာပါပဲ။ အစ္စလာမ်ဘာသာမှာရော ဘယ်ဘာသာမှာဖြစ်ဖြစ် ယုံကြည်သူတွေကို အကြမ်းဖက်ဖို့ သွန်သင်ထားလိမ့်မှာ မဟုတ်ပါဘူး။”

A d v e r t i s e m e n t With Us

More News
Up