A d v e r t i s e m e n t With Us

မြန်မာ​ဘောလုံး​ သတင်း​တိုများ

​ေြခစမ်း​ပွဲအြပီး​ ြမန်မာယူ၂၂ အသင်း​ (အကင်္ျီအြပာ) ​ေတွ့​ရစဉ်
မြန်မာယူ-၂၂ အသင်း​ ကိုရီး​ယား​ခြေစမ်း​ခရီး​စဉ်တွင် ပွဲစဉ်အား​လုံး​ရှုံး​နိမ့်​ [caption id="attachment_24878" align="alignleft" width="355" caption="​ခြေစမ်းပွဲအပြီး​ မြန်မာယူ၂၂ အသင်း​ (အင်္ကျီအပြာ) ​တွေ့ရစဉ်"][/caption] ​ခြေစမ်း​ပွဲများ​ ယှဉ်ပြိုင်ရန် ​တောင်ကိုရီး​ယား​နိုင်ငံကို ​ရောက်ရှိ​နေတဲ့​ မြန်မာ ယူ-၂၂ ​ဘောလုံး​အသင်း​ဟာ ​မေ ၂ ရက်​နေ့​အထိ ​ခြေစမ်း​ပွဲ ၄ ပွဲယှဉ်ပြိုင်ခဲ့​ရာမှာ ၄ ပွဲလုံး​ ရှုံး​နိမ့်​ထား​ပါတယ်။ ကိုရီး​ယား​လူမျိုး​ ပတ်​ဆောင်ဟွာ တာဝန်ယူကိုင်တွယ်​နေတဲ့​ မြန်မာ ယူ-၂၂ အသင်း​ဟာ AFC ယူ-၂၂ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ​တောင်ကိုရီး​ယား​နိုင်ငံကို ၃ ပတ်ကြာ ​ခြေစမ်း​ပွဲခရီး​ သွား​ရောက်ခဲ့​တာပါ။ မြန်မာ ယူ-၂၂ အသင်း​အ​နေနဲ့​ ဧပြီ ၂ ရက်က ပထမ​ခြေစမ်း​ပွဲအဖြစ် ​မောက်ပိုစီး​တီး​အသင်း​နဲ့​ ယှဉ်ပြိုင်ရာမှာ ၀-၁ ဂိုး​နဲ့​ ရှုံး​နိမ့်​ခဲ့​ပြီး​၊​ ဧပြီ ၂၄ ရက်မှာ ဟာနန်တက္ကသိုလ်အသင်း​ကို ၂-၁ ဂိုး​၊​ ဧပြီ ၂၈ ရက်မှာ ဂွမ်ဂျူး​အသင်း​ကို ၃-၀ ဂိုး​၊​ ​မေလ ၂ ရက်မှာ ဂွမ်ဂျူအသင်း​ကို ၂-၁ ဂိုး​နဲ့​ ရှုံး​နိမ့်​ခဲ့​တာပါ။ မြန်မာ ယူ-၂၂ အသင်း​ဟာ ​နောက်ဆုံး​ခြေစမ်း​ပွဲအဖြစ် လာမယ့်​မေလ ၅ ရက်​နေ့​မှာ ​မောက်ပိုစီး​တီး​အသင်း​နဲ့​ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာ ယူ-၂၂ အသင်း​ ပါဝင် ယှဉ်ပြိုင်မယ့်​ ၂၀၁၄ အာရှ ယူ-၂၂ ​ဘောလုံး​ပြိုင်ပွဲရဲ့​ ​ခြေစစ်ပွဲကို လာမယ့်​ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက်အထိ ရန်ကုန်မြို့​မှာ ကျင်း​ပမှာဖြစ်ပြီး​၊​ ဒီ​ခြေစစ်ပွဲမှာ မြန်မာအသင်း​ဟာ ​တောင်ကိုရီး​ယား​၊​ မ​လေး​ရှား​၊​ ဗီယက်နမ်၊​ ဖိလစ်ပိုင် အသင်း​တို့​နဲ့​ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ MFF Digicel Women Cup ၂၀၁၂ ပြိုင်ပွဲ ​မေလ ၇ ရက်​နေ့​ စတင်မည် မြန်မာနိုင်ငံ​ဘောလုံး​အဖွဲ့​ချုပ်က ကြီး​မှူး​ပြီး​ MFF Digicel Women Cup ၂၀၁၂ ပြိုင်ပွဲကို ​မေ ၇ ရက်မှစတင်ပြီး​ စမ်း​ချောင်း​မြို့​နယ် ပဒုမ္မာအား​ကစား​ကွင်း​တွင် ကျင်း​ပပြုလုပ်မှာပါ။ ဒီနှစ် ပြိုင်ပွဲကို ​ခြေစစ်ပွဲအဆင့်​နဲ့​ ​နောက်ဆုံး​အဆင့်​ ခွဲခြား​သတ်မှတ်ထား​ပြီး​ ၂၀၁၂ ပြိုင်ပွဲမှ စတင်ကာ ပထဆုံး​ ဝင်​ရောက်ယှဉ်ပြိုင်တဲ့​ အသင်း​တွေ ​ခြေစစ်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ​ခြေစစ်ပွဲအဆင့်​မှာ ကချင်ပြည်နယ်၊​ ရခိုင်ပြည်နယ်၊​ တနင်္သာရီတိုင်း​ဒေသကြီး​၊​ ဧရာဝတီတိုင်း​ဒေသကြီး​နဲ့​ စံမြန်မာအသင်း​တွေ အုပ်စုပတ်လည် စနစ်နဲ့​ ယှဉ်ပြိုင်ရမှာဖြစ်ပြီး​ အမှတ်အများ​ဆုံး​ ၂ သင်း​မှာ ​နောက်ဆုံး​အဆင့်​အ​နေနဲ့​ ပို့​ဆောင်​ရေး​ဝန်ကြီး​ဌာန၊​ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာန၊​ အား​ကစား​ဝန်ကြီး​ဌာန၊​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန၊​ အမှတ် ၃ အ​ခြေခံ (က) နဲ့​ အမှတ် ၃ အ​ခြေခံ (ခ) အသင်း​တို့​နဲ့​ ယှဉ်ပြိုင်သွား​ရမှာ ဖြစ်ပါတယ်။ မြန်မာ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဋ္ဌဖလား​ အလွတ်တန်း​ ဖူဆယ်​ဘောလုံး​ပြိုင်ပွဲ ကျင်း​ပမည် မျိုး​ဆက်သစ် ဖူဆယ်​ဘောလုံး​သမား​ကောင်း​တွေ ထွက်​ပေါ်လာ​စေဖို့​ ရည်ရွယ်ပြီး​ မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်က ကြီး​မှူး​ကျင်း​ပမယ့်​ မြန်မာနိုင်ငံ​ဘောလုံး​အဖွဲ့​ချုပ်ဥက္ကဋ္ဌဖလား​ အလွတ်တန်း​ဖူဆယ်​ဘောလုံး​ပြိုင်ပွဲကို ​မေလ ၂၉ ရက်​နေ့​ စတင်ကျင်း​ပသွား​မှာပါ။ ပြိုင်ပွဲဝင် အသင်း​တသင်း​ကို အုပ်ချုပ်မှုအဖွဲ့​ ၄ ဦး​၊​ အား​ကစား​သမား​ ၁၂ ဦး​ မှတ်ပုံတင်နိုင်ပြီး​ ဝင်​ကြေး​ ၄၀,၀၀၀ ကျပ်အား​ မြန်မာနိုင်ငံ​ဘောလုံး​ အဖွဲ့​ချုပ်ရုံး​ကို မှတ်ပုံတင်​ကြေး​အဖြစ် ​ပေး​သွင်း​ရမှာပါ။ နယ်က အသင်း​တွေ ပါဝင်ယှဉ်ပြိုင်ရင် မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်က ​နေရာထိုင်ခင်း​ စီစဉ်​ပေး​သွား​မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up