မက္ကဆီကိုတွင် ရေအောက်လိုဏ်ဂူနှစ်ခု ဆက်လျက်တွေ့ရှိ (ရုပ်သံ)

1.4K
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်းက ရေအောက်လိုဏ်ဂူနှစ်ခုဟာ ဆက်နေတာကို ရေငုပ်သမား အဖွဲ့တဖွဲ့က တွေ့ခဲ့ပါတယ်။
မက္ကဆီကိုမြို့အခြေစိုက် အမျိုးသားသမိုင်းနဲ့ မနုဿဗေဒဌာနရဲ့ သုတေသနအဖွဲ့အစည်း တခုဖြစ်တဲ့ ဂျီအေအမ် (GAM) က လတွေနဲ့ချီ လေ့လာအပြီးမှာ ၂၁၆ မိုင် (၃၄၇ ကီလိုမီတာ) ရှည်တဲ့ ရေအောက်လိုဏ်ဂူကို တွေ့ခဲ့ကြတာပါ။
မက္ကဆီိကိုနိုင်ငံ ကာရစ်ဘီယန်ကမ်းရိုးတန်းက တူလမ်မြို့ ကမ်းခြေနားမှာ ၁၆၃ မိုင်ရှည်တဲ့ ရေအောက်လိုဏ်ဂူကို သုတေသနအဖွဲ့က အရင်တွေ့ခဲ့ပါတယ်။
Sac Actun (ဆက်ခ် အော်တွန်) လို့ အမည်ရတဲ့ ဒီလိုဏ်ဂူဟာ အရှည် ၅၂ မိုင်ရှိတဲ့ Dos Ojos (ဒေါ့ဇော်ခေါ့စ်) လို့ ခေါ်တဲ့ ရေအောက်လိုဏ်ဂူနဲ့ ဆက်နေတာကို တွေ့ခဲ့တာပါ။
ဒါကြောင့် မက္ကဆီကိုဟာ ကမ္ဘာ့အရှည်ဆုံး ရေအောက်လိုဏ်ဂူရှိတဲ့ နေရာတခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။