လေကြောင်းလိုင်းသစ်ဖွင့်ရန် ထိုင်ဝမ် ခွင့်ပြုချက်မလိုဟု တရုတ်ပြော

လေကြောင်းလိုင်းသစ်ဖွင့်ဖို့ ထိုင်ဝမ်ဆီက ခွငြ့်ပုချက် တောင်းနေစရာ မလိုဘူးလို့ တရုတ်အစိုးရက ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်နိုင်ငံဟာ သူတို့ကို အသိမပေးဘဲ ထိုင်ဝမ်ရေလက်ကြားမှာ လေကြောင်းလိုင်းသစ် M503 ကို ဖွင့်လှစ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလေကြောင်းလိုင်းတွေဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ်တခုဖြစ်ပြီး တရုတ်အစိုးရနဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ပထမဦးဆုံး ဆွေးနွေးရလိမ့်မယ်လို့ ထိုင်ဝမ်အစိုးရဘက်က ပြောပါတယ်။
လေကြောင်းလိုင်းသစ်ဟာ ထိုင်ဝမ်အစိုးရနဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိသလို ကြိုတင်အသိပေးခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာဌာနက ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ဒါပေမယ့် ဒီလို အသိပေးတာက လေကြောင်းလိုင်းသစ်ဖွင့်ဖို့ ထိုင်ဝမ်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တဲ့သဘော မဟုတ်ဘူးလို့ သူက ပြောပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ထိန်းချုပ်ရခက်တဲ့ သင်းကွဲပြည်နယ်တခုလို ရှုမြင်ထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ လွတ်လပ်ရေးလိုလားတဲ့ ဒီပီပီပါတီက သမ္မတ ဆိုင်အင်းဝမ် အာဏာရလာပြီးနောက်မှာ တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ တရားဝင် ဆက်ဆံရေး ပျက်ပြားသွားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။