ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 17, 2018
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှတော့ ၁ အိတ်ကို ၅၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၆,၀၀၀ ကျပ် ပေါက်ဈေး မနေ့ကထက် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ရန်ကုန် ကုန်စည်ဒိုင်မှာ ကြက်သွန်နီ ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်နီ အများဆုံး ဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ ပိဿာကို ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၆,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၇၅၀ ကျပ်ကနေ ငွေကျပ် ၉၉,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ အိတ်ကို ၉,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၁၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၆၀ ကျပ်ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA