အာဆင်နယ်အသင်း ကွင်းဝင်ကြေး အများဆုံးရရှိ

1.3K
အာဆင်နယ်အသင်းဟာ ပရိသတ်တွေဆီက ကွင်းဝင်ကြေး အများဆုံးရရှိတဲ့ ကလပ်အသင်းဖြစ်တယ်လို့ ယူအီးအေဖ်အေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲတစ်ပွဲမှာ ပရိသတ်တဦးဆီကနေ ပျမ်းမျှ ၇၄ ဒသမ ၀၉ ပေါင် ရရှိနေပြီး ပရီးမီးယားလိဂ်မှာသာမက ကမ္ဘာ့ပေါ်မှာ အများဆုံးရရှိထားပါတယ်။
ယူအီးအက်ဖ်အေအနေနဲ့ နိုင်ငံပေါင်း ၅၅ နိုင်ငံက အချက်အလက်တွေကို တွက်ချက်ကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပွဲကြည့်ပရိသတ်အနေအထား၊ တရာသီစာ လက်မှတ်ရောင်းချမူနဲ့ ပွဲနေ့ လက်မှတ်ရောင်းချမှုတွေကို သုတေသနပြုလုပ်ပြီး ထုတ်ပြန်လိုက်တာလို့ ဖော်ပြပါတယ်။
အာဆင်နယ်ရဲ့နောက်မှာ ချဲလ်ဆီးအသင်းက ပရိသတ်တဦးဆီကနေ တစ်ပွဲပျမ်းမျှ ၆၈.၇၁ ပေါင်ရရှိနေပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်၊ လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ ဘာစီလိုနာ အသင်းတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကွင်းဝင်ကြေး ပေါင် ၁၀၂ သန်း ရရှိခဲ့ပြီး ပေါင်သန်း ၁၀၀ ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ မန်ယူ၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကျော်ဖြတ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ကွင်းဝင်ကြေးရရှိမူ အများဆုံးအသင်းဖြစ်ပေမယ့် ငွေကြေးသုံးစွဲမှုနဲ့ အောင်မြင်မှု နည်းပါးတာတွေအပေါ် ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။