A d v e r t i s e m e n t With Us

ကြားဖြတ်ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရန်တိုက်တွန်း

  ၂၀၁၈ ခုနှစ်မှာ ကျင်းပဖို့လျာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ မူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB)က ရန်ကုန်မြို့ Park Royal Hotel မှာ ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားလာရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါဝင် ပြည်သူတွေပါဝင်တာ မြင့်မားဖို့ အတွက် အခုကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် အချိန်စာရင်းနဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို အနည်းဆုံး ၆ လကြိုတင်ကြေညာပေးဖို့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့နဲ့ ရာသီဥတုအနေနဲ့ အားလုံးပါဝင်ခွင့်ရနိုင်ဖို့ ပွင့်လင်းရာသီကာလမျိုးမှာ ရွေးချယ်ကျင်းပပေးဖို့ တိုက်တွန်းပါတယ်။ ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB)ကို ၂၀၁၆ ခုနှစ်က စတင်စုစည်းခဲ့ပြီး လက်ရှိအချိန်မှာ ၁၀ ဖွဲ့ပါဝင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up