A d v e r t i s e m e n t With Us

ကစားသမားဘဝမှ အနားယူပြီဟု ရော်နယ်ဒင်ဟို ကြေညာ

ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ကစာသမားဘဝကနေ အနားယူလိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ အေစီမီလန် ကစာသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ၂၀၁၅ ခုနှစ်ကတည်းက ပရော်ဖက်ရှင်နယ်အသင်းမှာ ဘောလုံးမကစားတော့ပေမယ့် အခုချိန်မှာ ကစားသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်တယ်လို့ ကြေညာလိုက်တာပါ။ ဒီသတင်းကို ရော်နယ်ဒင်ဟိုရဲ့ အေးဂျင့်လည်းဖြစ်သလို အစ်ကိုလည်းဖြစ်တဲ့ ရောဘာတို အက်စ်ဆစ်က အတည်ပြုလိုက်တာဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်ခင်မှာ နှုတ်ဆက်ပွဲ လုပ်သွားဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ရော်နယ်ဒင်ဟာဟာ ကစာသမားဘဝကို ဘရာဇီးကလပ် ဂရီမီယိုအသင်းမှာ စတင်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းကိုလည်း ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား၊ ယူ ၁၇ ကမ္ဘာ့ဖလားနဲ့ ၂၀၀၅ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလားတွေ ရယူပေးခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုအနေနဲ့  ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ နှစ်ကြိမ် ဆက်ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up