A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် သတင်းထောက်တဦး အသတ်ခံရ

မက္ကဆီကိုနိုင်ငံ တမ်မောင်လီပက်စ် ပြည်နယ်မြောက်ပိုင်းမှာ ဇန်န၀ါရီ ၁၃ ရက်နေ့က သတင်းထောက် တယောက် အသတ်ခံခဲ့ရပါတယ်။ ကားလို့စ် ဒိုမင်ဂက်စ်ဟာ နွီဗို လာရေဒိုမြို့မှာ  ပြီးခဲ့တဲ့ စနေနေ့ နေ့လယ်ခင်းအချိန်မှာ အသတ်ခံခဲ့ရတာလို့ ပြည်နယ်အစိုးရအရာရှိတွေက သတင်းထုတ်ပြန်ပါတယ်။ အခုလို အသတ်ခံရတာဟာ သူ့ရဲ့ အလုပ်အကိုင်နဲ့ ဆက်စပ်မှုရှိ၊ မရှိကိုလည်း အစိုးရ ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရက ပြောပါတယ်။ ဒိုမင်ဂက်ဟာ နိုင်ငံ့ရေးရာတွေ ရေးသားတဲ့ အလွတ်တန်းသတင်းထောက် တယောက်ပါ။ သူ နောက်ဆုံး ရေးသားခဲ့တဲ့ အကြောင်းအရာတွေထဲမှာ မက္ကဆီကိုနိုင်ငံရဲ့ နိုင်ငံရေး အကျင့်ပျက် ခြစားမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒိုမင်ဂက်စ် အသတ်ခံရမှုကို တမ်မောင်လီပက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူးက တွစ်တာကတဆင့် ကြေညာခဲ့ပါတယ်။ ဒိုမင်ဂက်ရဲ့ မိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ တရားခံကို ရအောင် ဖော်ထုတ်မယ့်အကြောင်း တွစ်တာစာမျက်နှာမှာ ရေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ အလုပ်နဲ့ ဆက်နွှယ်ပြီး အသတ်ခံရတဲ့ သတင်းထောက် အရေအတွက်ဟာ အနည်းဆုံး ၆၇ ယောက်ရှိပါပြီ။ အနောက်ကမ္ဘာခြမ်းမှာ မက္ကဆီကိုနိုင်ငံဟာ သတင်းထောက်တွေအတွက် အန္တရာယ်အများဆုံးနိုင်ငံ ဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up