A d v e r t i s e m e n t With Us

မြင်းခြံခရိုင်​အတွင်း သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူ တိုးလာ

မန္တ​လေးတိုင်း​ဒေသကြီး လူမှုဝန်​ထမ်းဦးစီးဌာနမှ ​ထောက်​ပံ့ကူညီ​ပေး​​နေတဲ့ သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ကို မြင်းခြံခရိုင်​မှ ​လျှောက်​ထားသူ အဘိုးအဘွားဦး​ရေ ပိုတိုးလာတယ်​လို့ ဇန်​နဝါရီ ၁၆ ရက်​​နေ့က မြင်းခြံခရိုင်​ လူမှုဝန်​ထမ်းရုံးမှ တာဝန်​ရှိသူတ​ဦးက ပြောပါတယ်။ ခရိုင်​လူမှုဝန်​ထမ်းရုံးမှ ဒုတိယညွန်​ကြား​ရေးမှူး ​ဒေါ်ဖြူဖြူထွန်းက “လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူ အဘိုးအဘွား​တွေ ပိုတိုးလာတယ်​။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်​တုန်း​က အသက်​ ၉၀ နှစ်​အထက်​ အဘိုးအဘွား တ​ဦးကို တ​နှစ်​မှာ တ​ကြိမ်​ ၁၀,၀၀၀ ကျပ်​သာ ​ထောက်​ပံ့​ပေးခဲ့ပြီး၊ အသက်​ ၁၀၀ အထက်​ အဘိုး အဘွားကို​တော့ တ​နှစ်​မှာ တြ​ကိမ်​ ၁၅,၀၀၀ ကျပ်​သာ ​ထောက်​ပံ့​ပေးခဲ့တာပါ။ အခု အဲဒီလို ​ထောက်​ပံ့​ပေးတာကို ရပ်​ဆိုင်းခဲ့ပြီး၊ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​ကစပြီး အသက်​ ၉၀ နှစ်​အထက်​ အဘိုး အဘွား တ​ဦးကို လစဉ် ​​ထောက်​ပံ့​ငွေအဖြစ်​ တလ ၁၀,၀၀၀ ကျပ်နှုန်း ​ထောက်​ပံ့​ပေး​​နေပါတယ်​။ ​ထောက်​ပံ့​ပေးမှုပုံစံက သုံးလ​ပေါင်းပြီး တကြိမ်​ ​ထောက်​ပံ့​ပေးတာပါ။ မြင်းခြံခရိုင်​အတွင်း ပထမ သုံးလပတ်​မှာ ၈၅၁ ဦး၊ ဒုတိယ သုံးလပတ်​မှာ ၈၇၉ ဦး၊ တတိယ သုံးလပတ်​မှာ ၈၉၈ ဦးအထိ ​ထောက်​ပံ့​ပေးခဲ့ပါပြီ။ ဒီ ၉ လအတွင်းမှာ ​လူမှု​ရေးပင်​စင်​ ​လျှောက်​ထားတဲ့ အဘိုး အဘွား ဦး​ရေ ၄၇ ဦးထပ်​ပြီး တိုးလာတာ​ပေါ့။ ကျန်​တဲ့ သုံးလမှာလည်း ဆက်​တိုးလာဖို့ ရှိပါတယ်”​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ မြင်းခြံခရိုင်​ ၄ မြို့နယ်​ဖြစ်​တဲ့ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်​၊ ​တောင်​သာ စတဲ့ မြို့တွေမှ သက်​ကြီးရွယ်​အို လူမှု​ရေးပင်​စင်​ ​လျှောက်​ထားသူများဟာ ကိုယ်​​ရေးရာဇဝင်​ အချက်​အလက်​ ပြည့်စုံရမှာဖြစ်​ပြီး စတုတ္ထ သုံးလပတ်​ ​ထောက်​ပံ့မှုကို​တော့ မတ်​လ ၁၅ ရက်​​နေ့မှာ ​ထောက်​ပံ့​ပေးသွားမယ်​လို့ သိရပါတယ်​။ “အစိုးရက ခုလို ​ထောက်​ပံ့​ပေးတာကို​တော့ ​ကောင်းပါတယ်​၊ ဒါ​ပေမယ့် တ​လကို ၁၀,၀၀၀ ကျပ်​ဆို​တော့ ​ဆေးဖိုး​တောင် ​မရပါဘူး။ ပြီး​တော့ အသက်​ ၇၅ နှစ်​​လောက်​ကစပြီး ​ထောက်​ပံ့ေ​ပးရင်​ ပို​ကောင်းတာ​ပေါ့”လို့ အသက်​ ၉၁ နှစ်​ရှိတဲ့ ​ဒေါ်​အေး​ရွှေက ​ပြောပါတယ်​။ လက်​ရှိမှာ​တော့ မြင်းခြံမြို့နယ်​ တ​မြို့နယ်​အတွက်​ (HAI) အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို ​စောင့်​ရှောက်​​ရေးအဖွဲ့ (မြန်​မာ) က အသက်​ ၈၅ နှစ်​မှ ၈၉ နှစ်​အထိ သက်​ကြီးရွယ်​အို အဘိုး အဘွားတွေကို ဇန်​နဝါရီလကစတင်​ပြီး တ​လကို ၁၀,၀၀၀ ကျပ်​ ​ထောက်​ပံ့​ပေးသွားမယ်​လို့ သိရပါတယ်​။ သတင်း-  ရီရီထွန်း(မြင်းခြံ)

A d v e r t i s e m e n t With Us

More News
Up