ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ အမည်စာရင်း ဘင်္ဂလားဒေ့ရှ်ကို ပေးပို့ထား
DVB
·
January 17, 2018
ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းကို မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားပြီး ပြန်လည်လွှဲပြောင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးမှာကတည်းက ပေးအပ်ခဲ့တာလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
ARSA အကြမ်းဖက်သမားတွေကို ၁၉၈၀ ပြည့်နှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နယ်နိမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နဲ့အညီ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားနိုင်ဖို့ ပြန်လည်လွှဲပြောင်းပေးပါလို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြောင်းကြားထားတာလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။