Home
မြန်မာသတင်း
ရန်ကုန်ရှိ ကားအိုဟောင်း ရေယာဉ်အိုဟောင်းများ ဖယ်ရှားရန် အစိုးရကြေ
DVB
·
January 17, 2018
  ရန်ကုန်က လမ်းတွေပေါ်မှာ ရပ်ထားတဲ့ ကားအိုကားဟောင်းတွေကို အခုလကုန် နောက်ဆုံးထားပြီး ဖယ်ရှားဖို့နဲ့ မဖယ်ရှားရင် တိုင်းအစိုးရအစီအစဉ်နဲ့ ဖယ်ရှားပြီး တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ အလားတူ ရန်ကုန်တိုင်းအတွင်းရှိ မြစ်ချောင်းများမှာ ရပ်နားထားတဲ့ ရေယာဉ်အို ရေယာဉ်ဟောင်းတွေကိုလည်း ဖေဖော်ဝါရီလကုန် နောက်ဆုံးထား ဖယ်ရှားဖို့နဲ့ မဖယ်ရှားရင် တိုင်းအစိုးရအစီအစဉ်နဲ့ ဖယ်ရှားပြီး အရေးယူမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်း တိုးတက်များပြားလာတဲ့ မော်တော်ကားတွေ သွားလာမောင်းနှင် ရတာ လွယ်ကူစေဖို့နဲ့ ယာဉ်ကျောကြပ်တာ လျော့ပါးသက်သာစေဖို့ တိုင်းအစိုးရက စဉ်ဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အလားတူ တိုင်းအတွင်းရှိ မြစ်ချောင်းများမှာ ကုန်စည်နဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ တိုင်းအစိုးရရဲ့ ဒီလိုလုပ်ဆောင်ချက်တွေမှာ ကားအိုကားဟောင်းတွေ လမ်းပေါ်ရပ်ထား တာနဲ့ မြစ်ချောင်းတွေမှာ ရေယာဉ်အဟောင်းတွေ ရပ်ထားတာတွေဟာ အနှောင့်အယှက် ဖြစ်ပေါ်နေတာကြောင့် တိုင်းအစိုးရက ဖယ်ရှားရှင်းလင်းဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024